(Unicode)
ဆေးရုံမှာnight dutyမရှိတာကြောင့်စောစောပြန်လာခဲ့သည်။အိမ်ပြန်ရောက်သည်နှင့်ဧည့်ခန်းတွင်စာထိုင်ဖတ်နေသောအဖေဖြစ်သူအား..
"Daddy...သားပြန်ရောက်ပြီ"
ပါးချိုင့်တို့ဖြင့်ရီပြကာနှုတ်ဆက်နေသောသားဖြစ်သူအား စာဖတ်နေရင်းမှမော့ကြည့်လာကာ
"အေးအေး...တက်တော့လေ ရေမိုးချိုးပြီးဆင်းလာခဲ့ ညစာစားဖို့အသင့်ဖြစ်နေလောက်ပြီ..."
"ဟုတ် Daddy..."
အိမ်ပေါ်တက်သွားသောသားကိုမျက်စိတစ်ဆုံးကြည့်ရင်း စာအုပ်ကိုသာအာရုံပြန်စိုက်နေလိုက်သည်။
မိသားစုသုံးယောက်ထမင်းလက်ဆုံစားနေကြရင်းအဖေဖြစ်သူက..
"Namjoon..."
"ဟုတ်Daddy...ပြောပါ..."
"သားကတစ်ဦးတည်းသောသားမို့ Daddyတို့သားရဲ့ဆရာဝန်ဖြစ်ချင်ပါတယ်ဆိုတဲ့ရည်ရွယ်ချက်ကိုဖြည့်ဆည်းပေးခဲ့တယ်နော်...အခုDaddyလဲအသက်အရွယ်ရပြီ....ကုမ္ပဏီအလုပ်ကနေအနားယူဖို့အချိန်တန်ပြီ..အဲ့ဒါ..."
"ဟုတ်ပြောပါDaddy...."
ပြောနေရင်းစကားအရှိန်သတ်လိုက်သည်မို့..Namjoonကဆက်ပြောရန်စကားထောက်လိုက်သည်။
"ရှင်နေတော့...ကျွန်မပဲပြောတော့မယ်...ဒီလိုသား..မင်းDaddyကအနားယူပြီဆိုရင်သူ့နေရာမှာဆက်ခံမယ့်သူလိုတယ်...သားကလဲဆရာဝန်အလုပ်ကိုစွန့်လွှတ်မှာမဟုတ်ဘူးလေ...အဲ့တော့ဟိုကလေးနဲ့မင်း အခုထိအဆင်ပြေနေသေးတယ်မလား..."
"Jinnie..ကိုပြောတာလားMommy..."
"အေးပေါ့ သူမဟုတ်လို့ဘယ်သူရှိရမှာလဲ..."
"ဟုတ် သူနဲ့ကအဆင်ပြေပါတယ်Mommy...အဓိက ပြောချင်တာက ဘာများလဲ..."
"အဓိက က သားကိုအိမ်ထောင်ချပေးမလို့ပဲ..သားကသားအလုပ်ကိုမစွန့်လွှတ်နိုင်ဘူးဆိုတော့ အိမ်ထောင်ချပေးပြီးရင် မင်းDaddyအနားမယူခင်လေး သူ့ကိုဖြည်းဖြည်းချင်းသင်ယူပေးပြီးတော့ ကုမ္ပဏီကို ဦးဆောင်စေဖို့ပဲ ...အဲ့ကလေးလေးကလဲထက်မြတ်မယ့်ပုံပဲလေ..သားဘယ်လိုသဘောရလဲ ..."
YOU ARE READING
Only then(Completed)
Fanfictionငါမင်းကိုအမြဲတမ်းအလိုလိုက်ခဲ့တယ်..အလျှော့ပေးခဲ့တယ်...ငါဆိုတာမင်းရဲ့လိုသုံးတစ်ယောက်လိုမျိုး......ဒါပေမယ့်အရာအားလုံးကိုတသမတ်တည်းတည်ရှိနေမှာမဟုတ်ဘူးဆိုတာ မင်းမေ့နေခဲ့သလား........ ....Jungkook.... မင်းနဲ...