Part..22..

3.4K 336 40
                                    

   (Unicode)

   Jiminသတိပြန်ရပြီးနောက်ပိုင်း Jungkookနဲ့ လုံးဝကိုအဆက်သွယ်ဖြတ်ထားခဲ့တယ်..

Companyမှာထိပ်တိုက်တွေ့တာမျိုးမရှိပေမယ့် တစ်ခါတစ်လေ နေ့လည်စာစားချိန် အတွင်းရေးမှူးလွှတ်ပြီး ခေါ်ခိုင်းတာမျိုးဆို Jiminငြင်းလွှတ်မြဲ...။သိသိသာသာအေးစက်နေသော ဆက်ဆံရေးအား အဖွဲ့မှူးသည်လဲ စပ်စုလို့မရဲခဲ့ပါ...

ထမင်းစားချိန်ရောက်လျှင်လဲ သူတစ်ယောက်တည်းသာ သီးသန့် Canteenမှာ ဆင်းစားဖြစ်သည်။

ရုံးဆင်းချိန်၌အဖွဲ့မှူးက အိမ်မှာအရေးတကြီးကိစ္စရှိလို့ဟုဆိုကာ အယုံကြည်ရဆုံးJiminအား အလုပ်တစ်ချို့လက်စသတ်ခိုင်းခဲ့တာမို့ တစ်ယောက်တည်းကျန်ခဲ့သည်။

"minie~~"

အိမ်ပြန်မိုးမချုပ်စေရန် ခပ်မြန်မြန်သာအပြီးသတ်လိုက်ပြီး အိတ်လွယ်ကာ ထွက်လာတော့ အဝမှာJungkookရပ်စောင့်နေခဲ့သည်။

Jiminလဲခေါင်းငုံ့ကာ တစ်ချက်နှုတ်ဆက်လိုက်ပြီး သွားမလို့လုပ်တော့ လက်ကာ ကာ အရှေ့က ပိတ်ရပ်လိုက်တာကြောင် မျက်မှောင်ကျုံ့ကာကြည့်လိုက်တော့ သက်ပြင်းခပ်ဖွဖွချသည်။

"စကားနည်းနည်းလောက် ပြောကြရအောင်..."

"ငါမပြောချင်ဘူးလေ"

"ခဏပါပဲ 15မိနစ်လောက်ဆိုလဲ ဖြစ်တယ်"

"အချိန်မရှိဘူး သွားလိုက်ပါဦးမယ်"

ပိတ်ရပ်နေသောJungkookအား ရှောင်ကွင်းကာဖြင့် ခပ်သွက်သွက်ထွက်လာလိုက်သည်။သူ ဘယ်လိုဘယ်ပုံနဲ့ကျန်ခဲ့မလဲဆိုတာ​ကိုတော့Jiminမတွေးမိတော့...မတွေးချင်တော့...။

အပြင်ရောက်တာနဲ့ သူ့ကိုလာကြိုရန် ဆိုင်စောစောသိမ်းကာ လာစောင့်နေသောTaehyung၏ကားပေါ်သို့တက်လိုက်ကာ အိမ်ပြန်လာခဲ့လိုက်သည်။

"ဘာဖြစ်ခဲ့လို့လဲ Jimin"

"ဘာမှမဖြစ်ပါဘူး ငါအလုပ်ပင်ပန်းလို့..."

"အဲ့လိုလုပ်မနေဘဲ Jungkookနဲ့ စကားပြောကြည့်ကြပါလား ပွင့်ပွင့်လင်းလင်း.."

"အဲ့နေ့ကတည်းကငါအပွင့်လင်းဆုံးပြောခဲ့ပြီးပြီလေယောင်း... ငါတို့မဖြစ်နိုင်ပါဘူးလို့.."

Only then(Completed)Hikayelerin yaşadığı yer. Şimdi keşfedin