(Unicode)
ကားပေါ်တွင်ဖြစ်သည်။
"မောင်းတော့လေ!!"
၂ယောက်သားထိုင်နေပြီး ဘာစကားမှလဲ မပြောဖြစ်ကြ..ကားအရှေ့ကိုသာကြည့်နေကာ မျက်နှာချင်းလဲဆိုင်မနေကြပါ..စိတ်မရှည်တော့သောJiminထအော်တော့မှ Jungkookလှည့်ကြည့်လာသည်။
"ငါထပ်ပြီးတောင်းပန်ပါတယ်Minie~~ငါ့ဆီပြန်လာပေးပါ..သားကိုရော မင်းကိုရော ငါလစ်ဟင်းခဲ့သမျှတာဝန်တွေအကုန်ပြန်ဆပ်မှာမို့ ယုံကြည်ပြီးပြန်လာပေးပါ.."
"အရင်ကလို ငါကမင်းကိုထပ်ပြီးနာကျင်စေတာမျိုးတွေရှိခဲ့ရင်ရော...မင်းရှေ့ဆက်နိုင်မယ်လို့ ယုံကြည်ချက်ရှိလား"
"ရတယ် ရတယ်...ငါ့ကိုကြိုက်သလိုလုပ်ပါ ငါ့မှာ မင်းနဲ့သားလေးကိုပဲလိုအပ်တာ..."
"ငါကလက်မခံဘူးဆိုရင်ရော.."
သွေးအေးအေးမျက်နှာထားဖြင့်ကြည့်ကာပြောလိုက်တော့ ခေါင်းအသွင်သွင်ခါကာ လက်နှစ်ဖက်အား ဆုပ်ကိုင်လာခဲ့သည်။
"ဟင့်အင်း..မလုပ်ပါနဲ့"
မျက်ရည်တို့ ဝဲလာချေပြီ
"ငါ့လက်ကိုလွှတ်!!"
လက်တို့အားအတင်းရုန်းတော့ မလွှတ်ပေးပဲ ခပ်တင်းတင်းထပ်ပြီးဆုပ်ကိုင်လိုက်တာ ခေါင်းပေါ်တင်လိုက်တော့Jiminလန့်သွားသည်။
"Ju..Jungkook.."
အခုအနေအထားသည် အတော်လေးနေရခက်စေသလို အတော်လဲအံ့သြစေသည်။
Jiminလက်တို့သည်Jungkookခေါင်းပေါ်တင်လျက် ထိုလက်တို့အပေါ်Jungkookက အုပ်ကိုင်ထားကာ ခေါင်းငုံ့ရင်း မျက်ရည်တို့သည်အတားအဆီးမဲ့စွာ...
"မရဘူးminieရာ...မင်းမရှိရင် မဖြစ်ဘူး..ငါတကယ်မဖြစ်လို့ပါကွာ...ငါ့ကိုသနားပါ အရှက်မရှိဘူးထင်နိုင်ပေမယ့် မင်းမရှိရင်..ငါ..ငါရူးသွားလိမ့်မယ်ထင်တယ်..မထားခဲ့ပါနဲ့..မထားခဲ့ပါနဲ့နော်
မင်းစိတ်တိုင်းကျအောင်ငါနေမယ် မင်းထားရာနေမယ် အရာရာမင်းသဘောပဲဖြစ်စေရပါမယ် "
"Jungkook..ငါ့ကိုကြည့်Jungkook..."
လက်တို့ကိုလွှတ်ပေးလာတော့ စကားကိုဆက်တိုက်ပြောနေသူရဲ့ပါးနှစ်ဖက်အား ကိုင်ကာမော့ကြည့်စေတော့ မျက်ဝန်းဝိုင်းဝိုင်းလေးတွေသည် မျက်ရည်အပြည့်နဲ့ နီရဲလို့နေပြီ...
YOU ARE READING
Only then(Completed)
Fanfictionငါမင်းကိုအမြဲတမ်းအလိုလိုက်ခဲ့တယ်..အလျှော့ပေးခဲ့တယ်...ငါဆိုတာမင်းရဲ့လိုသုံးတစ်ယောက်လိုမျိုး......ဒါပေမယ့်အရာအားလုံးကိုတသမတ်တည်းတည်ရှိနေမှာမဟုတ်ဘူးဆိုတာ မင်းမေ့နေခဲ့သလား........ ....Jungkook.... မင်းနဲ...