(Unicode)
Taehyungပါပြန်ရောက်လာပြီး အိမ်မှာလူစုံသွားခဲ့သည်။Jiminမှာတော့ ကလေးကိုဖက်ထားလျက် မလှုပ်မယှက်
Jungkookနှင့်အမေဖြစ်သူတို့ အကြည့်ချင်းစစ်တိုက်နေကြသည်။
"သားက Park Jiminဟုတ်တယ်မလား"
"ဟုတ်..ကဲ့"
သိသိချည်းနဲ့တမင်မေးနေမှန်းသိတဲ့Jungkookမှာတော့ အသဲတယားယား
"အန်တီက Jungkookအမေပါ ရုတ်တရက်ရောက်လာလို့လန့်သွားတာထင်တယ်"
"ရပါတယ်အန်တီ"
"Jungkookနဲ့လက်ထပ်ဖို့အစီစဥ်မရှိဘူးလား"
"ဗျာ!"
"omma!!!"
မထင်မှတ်ထားသောစကားကြောင့်လန့်သွားခဲ့ပြီးJungkookမှာတော့အလန့်တကြားထအော်မိသည်အထိ
"ဘာလို့အဲ့လောက်တောင်ထအော်ကြတာလဲ မင်းတို့တွေအရင်ကတည်းက လူငယ်ချင်းသဘောကျနေကြတာပဲမလား"
ဒါတွေဟာJiminမေ့နေတဲ့အပိုင်းတွေဖြစ်တာကြောင့် ယောင်း ကိုသာ လှမ်းကြည့်လိုက်မိသည်။
"ommaသားဘာသာ စီစဥ်ပါ့မယ် ommaပြောတာနဲ့ရှုပ်ကုန်လိမ့်မယ်"
"ဟဲ့ဘာရှုပ်စရာရှိလို့လဲ နင်တို့ကိုငါကိုယ်တိုင်ခွဲခဲ့တာမို့ ငါပြန်လုပ်ပေးနေတာ အခုကလေးပါရှိလာပြီလေ ဒီတိုင်းထားလို့ဘယ်ရမလဲ ငါလဲမြေးချီချင်နေခဲ့တာပါ"
"တော်ပါတော့omma"
"မတော်နိုင်ဘူး လက်ထပ်ရမယ် ငါ့မြေးဖခင်မဲ့နေခဲ့ရတာ "
"အဲ့ဒါommaကြောင့်ပဲလေ သားလုပ်ခဲ့တာလား သားကသူ့ကိုတမင်ပစ်သွားတာမို့လို့လား အကုန်ommaစိတ်တိုင်းကျပဲလေ အခုတော့သားကိုယ်တိုင်ညှိပါရစေ"
"သားJimin အန်တီပြောပြမယ် Jungkookနဲ့လက်ထပ်ပြီးရင် အခုလိုသူများအိမ်လဲနေစရာမလိုတော့ဘူး တင့်တောင့်တင့်တယ်ထားမှာ ပြီးတော့.."
"အန်တီ!!! "
ယောင်းရဲ့ခပ်သြသြအော်ချလိုက်တဲ့အသံအဆုံး အားလုံးတိတ်သွားခဲ့သည်။မအော်လို့မရတော့ဘူး လေ ဘာကိုမှနားမလည်နေတဲ့Jimin စိတ်ရှုပ်ထွေးပြီး တုန်ယင်နေပြီ
BINABASA MO ANG
Only then(Completed)
Fanfictionငါမင်းကိုအမြဲတမ်းအလိုလိုက်ခဲ့တယ်..အလျှော့ပေးခဲ့တယ်...ငါဆိုတာမင်းရဲ့လိုသုံးတစ်ယောက်လိုမျိုး......ဒါပေမယ့်အရာအားလုံးကိုတသမတ်တည်းတည်ရှိနေမှာမဟုတ်ဘူးဆိုတာ မင်းမေ့နေခဲ့သလား........ ....Jungkook.... မင်းနဲ...