(Unicode)
နေ့လည်ထမင်းစားချိန်လဲနီးပြီမို့ CanteenကိုJiminနှင့်အတူJungkookတို့သုံးယောက်သားလျှောက်လာခဲ့လိုက်သည်။
ကျောင်းဖွင့်စနေ့ဖြစ်သည့်အတွက်အတန်းထဲနှင့်ယှဥ်လျှင်Canteenတွင်လူပိုများနေသည်။လူပြည့်နေ့သည့်အတွက်လူရှင်းသည့်အဝိုင်းကိုမနည်းရှာရသေးသည်။အလယ်နားလောက်တွင်သာလွတ်နေတော့တာကြောင့် ထိုနေရာသို့သွားရန်ပြင်တော့Jungkookလက်ကိုလာဆွဲသောလက်သေးသေးတစ်စုံ.....
"အလယ်မှာကြီးတော့မထိုင်ချင်ဘူးJungkook..."
နှုတ်ခမ်းလေးဆူပြီးချွဲသလိုပြောလာတော့ Jungkookလိုက်လျောချင်မိသော်လည်း..ဘယ်လိုလုပ်မှာလဲ အဲ့နေရာပဲလွတ်တော့တာမို့....
"ဒီတစ်ရက်တော့ အဲ့မှာပဲထိုင်ကြရအောင်နော်..လာပါမြန်မြန် တော်ကြာသူများထိုင်လိုက်ဦးမယ်"
အဲ့လိုဆိုပြန်တော့လဲ ဆူပုတ်ပြီးပါလာပြန်တယ် ဘယ်လိုလေးလဲ...
စားပွဲနေရာသို့ရောက်တော့ Jiminကိုသေချာခုံနေရာချပေးပြီး အားလုံးဝင်ထိုင်ကာ waiterကိုမှာစရာရှိတာမှာရတော့သည်။ခုံက လေးယောက်ဝိုင်းမို့သူတို့နှင့်ကွက်တိ...
"Minnie....ဘာစားမလဲ..."
Jungkookခေါ်လိုက်သောနာမ်စားကြောင့်Jiminမျက်လုံးများဝိုင်းစက်သွားသည်။သူ့ကိုတစ်ယောက်ယောက်ကထိုနာမည်ခေါ်ဖူးသလိုခံစားရသည်။
"Minnie....minnie...."
"Arr...အင်း..Jungkook ဘာဖြစ်လို့လဲ..."
"မှာဖို့လေ ဘာစားမှာလဲလို့...."
"အော်..ထမင်းသုပ်ပဲတစ်ပွဲပေးပါ ပြီးတော့..."
"ဒါဆိုထမင်းသုပ်၂ပွဲ ပါစတာ၂ပွဲ ထမင်းသုပ်တစ်ပွဲကငရုတ်ကောင်းမထည့်နဲ့ အစပ်ကလျှော့ထည့်ပေး နောက်တစ်ပွဲကပုံမှန်ပဲ...."
စကားမဆုံးမီJungkookဖြတ်ပြောလိုက်သောစကားကြောင့်Jiminကြောင်နေမိသည်။
waiterကmenuမှတ်ပြီးလှည့်ထွက်သွားတော့
"Jungkookကငရုတ်ကောင်းနဲ့မတည့်တာလား အစပ်လဲမစားနိုင်ဘူးထင်တယ်နော်..."
"Arr...မဟုတ်ဘူးဗျ ကျွန်တော်က စားနိုင်တယ် minnieအတွက်မှာလိုက်တာပါ.."
YOU ARE READING
Only then(Completed)
Fanfictionငါမင်းကိုအမြဲတမ်းအလိုလိုက်ခဲ့တယ်..အလျှော့ပေးခဲ့တယ်...ငါဆိုတာမင်းရဲ့လိုသုံးတစ်ယောက်လိုမျိုး......ဒါပေမယ့်အရာအားလုံးကိုတသမတ်တည်းတည်ရှိနေမှာမဟုတ်ဘူးဆိုတာ မင်းမေ့နေခဲ့သလား........ ....Jungkook.... မင်းနဲ...