[Unicode]
"ကယ်..အားလုံးအဆင်သင့်ပဲဆို..စထွက်ကြမယ်.."
လော်စပီကာမှတစ်ဆင့်ဆရာ၏အချက်ပေးသံကြားတော့ Jiminလှုပ်လှုပ်ရှားရှားဖြစ်သွားသည်။အခုထိJungkookပြန်ရောက်မလာသေး...ဖုန်းဆက်ကြည့်ပြန်တော့လဲ ဖုန်းက သူပေးသွားတဲ့အိတ်ထဲကျန်ခဲ့သည်ပင်။
"ခဏလေးပါဆရာ....အမလေးမောလိုက်တာ..."
အခုမှသန့်စင်ခန်းဖက်ကပြေးထွက်လာပြီးဟောဟဲဟောဟဲနဲ့မောနေသောJungkookကြောင့်
"မထားသွားပါဘူးကွာ..အားလုံးစုံမှသွားမှာပါမင်းကလဲ ဟားဟား.."
ဆရာကနောက်သလိုပြောတော့အားလုံးကရီကြတော့သည်။
"ဘာလုပ်နေလို့ကြာနေတာတုန်း.."
JiminကယူထားသောJungkookအိတ်ကိုပြန်ပေးပြီးအနားကပ်ကာတိုးတိုးလေးပြောလိုက်တော့
"Sorry ပါminnieရာ..အိမ်သာတံခါးကသိပ်အဆင်မပြေချင်ဘူး တော်ရုံဖွင့်မရလို့တိုင်ပတ်နေတာနဲ့ကြာသွားတာ....ဟူးးး"
Jungkookသေချာရှင်းပြနေပေမယ့် သူ့ပုံစံကနဂိုထက်ပိုမောနေဟန်တူသည်။သူများတွေအေးနေတဲ့အချိန်သူကချွေးစေးပြန်လို့....
"Jungkook..နေကောင်းရဲ့လား..."
တောင်ပေါ်သို့စတက်နေရင်းJiminကမေးလိုက်တော့
"အင်း နည်းနည်းပါ ခုနကအိမ်သာထဲကြာသွားလို့ထင်တယ် မွန်းကြပ်ပြီး အခုထိအသက်ရှူမဝဘူး"
"တော်ပါသေးရဲ့ ပြန်ဖွင့်ရလို့ မဟုတ်ရင်အထဲမှာအသက်ထွက်နေလောက်ပြီ"
"ဟီးဘာမှမဖြစ်ပါဘူး ဆေးသောက်လိုက်ရင်ကောင်းသွားမှာပါ.."
ပြောရင်းကျောပိုးအိတ်ထဲမှဆေးကိုရှာနေသောJungkookကြောင့်Jiminမလုံမလဲဖြစ်နေသည်။
"နေပါစေ မသောက်တော့ဘူး...."
ဆိုမှသာJiminသက်ပြင်းချနိုင်တော့သည်။အမှန်ဆိုသူဖြစ်ချင်ခဲ့တာဒီလိုအခြေနေမျိုး..ဒါပေမယ့် ဘာကိုစိုးရိမ်နေမိတာလဲ...
45 minsခန့်တက်လာကြရင်း ခရီးတစ်ထောင့်နားကြတော့ နေလဲထွက်စပြုနေလေပြီ ဆောင်းတွင်းဖြစ်သည်မို့နေထွက်နောက်ကျသည်ပင်...တစ်ချို့ကအထုတ်တွေခဏချကာ နေဝန်းနီနီကိုနောက်ခံထားရင်း အမှတ်တရပုံရိပ်လေးများဖမ်းယူနေကြသည်။
YOU ARE READING
Only then(Completed)
Fanfictionငါမင်းကိုအမြဲတမ်းအလိုလိုက်ခဲ့တယ်..အလျှော့ပေးခဲ့တယ်...ငါဆိုတာမင်းရဲ့လိုသုံးတစ်ယောက်လိုမျိုး......ဒါပေမယ့်အရာအားလုံးကိုတသမတ်တည်းတည်ရှိနေမှာမဟုတ်ဘူးဆိုတာ မင်းမေ့နေခဲ့သလား........ ....Jungkook.... မင်းနဲ...