(Unicode)"1 2 3 4 5 6 7 8 9 10 တော်တယ်ကွ အစကပြန်ရေမယ်...1 2 3 4...."
သာယာနေတဲ့မနက်ခင်းလေးတစ်ခု လုပ်ငန်းခွင်ဝင်ဖို့uniformကိုယ်စီဖြင့်လှုပ်ရှားသွားလာနေကြသောလူအများကြား လက်ဆွဲကာ ခြေလှမ်းများရေတွက်ရင်း လမ်းလျှောက်လာနေသော ၃နှစ်အရွယ်ကလေးငယ်လေးတစ်ဦးနှင့်ကောင်လေးတစ်ယောက်.
"Pa Ji...တားညောင်းရာပြီ...."
ထိုအခါမှပြာပြာသလဲဖြင့်...
"မီယန်း...အာ့ဆိုPaချီသွားမယ်လေ လာ...."
ကလေးငယ်ကိုကောက်ချီလိုက်ရင်းတင်ပါးလေးကိုဆက်ခနဲ့တစ်ချက်ပုတ်လိုက်တော့ တခစ်ခစ်ရယ်သံများထွက်လာလေသည်။
၅မိနစ်ခန့်လမ်းဆက်လျှောက်လာရင်း Winter bearဆိုသောcafeလေးအတွင်းသို့....
"Pa Tae!!!!!......"
ဆိုင်ထဲရောက်တာနဲ့သားလေးကိုလွှတ်ချပေးလိုက်တော့ကောင်တာမှရှိနေသောTaehyungဆီပြေးသွားလိုက်တာမှလုံးလို့....
"ဟေ....ဘယ်သူလေးလဲကွ ဟားဟား လာပါဦး အူးဝါး....."
ပြေးလာနေသောကလေးငယ်ကိုမြင်တော့ ကောင်တာမှပြေးထွက်လာကာ ချီမြှောက်လိုက်ရင်း မြူနေလေသည်။
"Pa Tae တားတိတ်မုန့်ချားချင်ရယ်....(သားကိတ်မုန့်စားချင်တယ်)"
(3နှစ်အရွယ်ကလေးစကားပြောတာမို့ စကားမပီတဲ့အသုံးအနှုန်းလေးတွေထည့်ထားတာပါ ဖြည့်ဖတ်ပေးစေလိုပါတယ်ဗျ😁)
လူကြီးတွေအနေနဲ့ကလေးရဲ့စကားကိုတော်ရုံနားလည်ဖို့မလွယ်တာမို့
"ဟမ်...ဘာစားချင်တာ..."
"တိတ်မုန့်ရို့ တိတ်မုန့်....ချားချင်ရို့..."
"Jungmin....Pa အိမ်မှာကတည်းကဘာမှာခဲ့လဲ...Pa Taeဆီမှာမပူဆာရဘူးလို့မမှာခဲ့ဘူးလား...နောက်ဆိုမခေါ်ခဲ့တော့ဘူးနော်.."
"နေပါစေJiminရာ ငါသားငါကျွေးရမတွန့်တိုပါဘူး သားဘာစားမလဲ ချောကလက်လား စတော်ဘယ်ရီလား...."
"အင်း....ချတော်ဘယ်ရီချားမယ်..."
"ဒါမှငါ့သားကွ...ဟားဟား အကြိုက်ချင်းကကွက်တိ.."
YOU ARE READING
Only then(Completed)
Fanfictionငါမင်းကိုအမြဲတမ်းအလိုလိုက်ခဲ့တယ်..အလျှော့ပေးခဲ့တယ်...ငါဆိုတာမင်းရဲ့လိုသုံးတစ်ယောက်လိုမျိုး......ဒါပေမယ့်အရာအားလုံးကိုတသမတ်တည်းတည်ရှိနေမှာမဟုတ်ဘူးဆိုတာ မင်းမေ့နေခဲ့သလား........ ....Jungkook.... မင်းနဲ...