(Unicode)
"ချန်ထားခဲ့တဲ့သူနဲ့ ကျန်ရစ်ခဲ့တဲ့သူမှာ ပိုနာကျင်ရတာကကျန်ရစ်ခဲ့တဲ့သူတဲ့လေ"
///////////////////////
မိသားစု၃ယောက်ထမင်းလက်ဆုံစားနေပါသော်လဲ ဇွန်းခရင်းသံမှအပ မည်သည့်စကားဆိုသံမှထွက်ပေါ်မလာခဲ့ ....ထိုအချိန်မတိုင်ခင်အထိပေါ့....
"ဘယ်လိုဆုံးဖြတ်ထားလဲသား Koreaပြန်ဦးမှာလား..ဒါမှမဟုတ်....."
တိတ်ဆိတ်မှုအားစတင်ဖြိုခွင်းလိုက်သောအမေဖြစ်သူ၏စကားမဆုံးခင်Jungkookမှ
"သားဒီမှာပဲကျောင်းဆက်တက်တော့မယ်..."
"ဟေ...ဘယ်လိုဖြစ်တာတုန်း..ဟိုမှာနေမပျော်ဘူးလားJungkook..."
အဖေဖြစ်သူက ဇွန်းကိုအသာချရင်းမေးလာတော့..
"မဟုတ်ပါဘူးAppa..ဒီမှာပဲတက်ချင်လို့ ကျောင်းပြီးသွားရင်လဲ Appa companyမှာအလုပ်ဝင်လုပ် အခြေခိုင်မှKoreaမှာလုပ်ငန်းပြန်လုပ်မယ်..သားအဲ့လိုစဥ်းစားထားတယ်.."
"အင်း...သဘောပါဘဲ...Appaလဲနောက်၃နှစ်လောက်ဆိုKoreaမှာကုမ္ပဏီခွဲထပ်ဖွင့်မလို့စီစဥ်နေတာ အတော်ပဲ သားဒီမှာကျောင်းတက်ရင်းAppaဆီမှာသင်ယူထား..ကျောင်းပြီးတာနဲ့Koreaမှာပြန်ဦးဆောင်လို့ရပြီ....."
"nae..Appa.အဲ့လိုပဲလုပ်လိုက်ပါ့မယ်..."
"အဟင်း...ကျွန်မတို့သားလေးတောင်ရင့်ကျက်လာပြီပဲ....."
Jungkookရဲ့ommaကအသာပြုံးကာဝင်ပြောတော့ Jungkookလဲဘာမှတုံ့ပြန်မနေတော့ဘဲ ထမင်းသာဆက်စားနေလိုက်သည်။
.................
ဒီမနက်လဲတစ်ယောက်ထဲဆိုသောစိတ်နဲ့နိုးထလာပြန်ပြီ။အရင်လို့အိပ်ယာနှိုးပေးမယ့်Ommaလဲမရှိတော့သလို messageပို့ထားမယ့်Jungkookလဲရှိမနေတော့ပါ။အဲ့ဒီအစားသူ့မှာTaehyung Yoongiနဲ့Hoseokတို့သာရှိတော့သည်။အထီးကျန်ရပါ၏။အရင်ကတစ်ယောက်ထဲအေးဆေးနေခဲ့ပါသော်လည်းအခုအခြေနေနဲ့ကမတူညီလှပေ....အားကိုးရာ နားခိုရာမရှိတော့သလိုမျိုး အဖော်မဲ့နေလေပြီ။Taehyungတို့ကရော အချိန်ပြည့်သူ့အနားနေနိုင်မှာမှမဟုတ်တာ သူတို့လဲကိစ္စလေးတွေရှိဦးမှာပေါ့....
YOU ARE READING
Only then(Completed)
Fanfictionငါမင်းကိုအမြဲတမ်းအလိုလိုက်ခဲ့တယ်..အလျှော့ပေးခဲ့တယ်...ငါဆိုတာမင်းရဲ့လိုသုံးတစ်ယောက်လိုမျိုး......ဒါပေမယ့်အရာအားလုံးကိုတသမတ်တည်းတည်ရှိနေမှာမဟုတ်ဘူးဆိုတာ မင်းမေ့နေခဲ့သလား........ ....Jungkook.... မင်းနဲ...