Part..15..

3.8K 354 19
                                    

(Unicode)

               သူကြံ့ခိုင်ရမယ်လေ...။ဗိုက်ထဲကရင်သွေးလေးအတွက်ပဲဖြစ်ဖြစ် တောင့်ခံထားရမယ်...။သို့ပေမယ့် သူလဲလူတစ်ယောက်ပါ...လောကဓံရဲ့ကျီစယ်မှုကိုမခံနိုင်တဲ့အဆုံး ထွက်ပေါက်လေးတစ်ခုလောက်ဖြစ်ဖြစ် ရှာဖွေချင်မိတာ မဆန်းဘူးမလား.....

              Shinn Do Youngဆိုတဲ့လူကြီးအိမ်ကိုရောက်လာပြီးတဲ့နေ့ကတည်းကဆေးရုံနဲ့သူဟာ အိမ်ဦးနဲ့ကြမ်းပြင်လိုပဲ....ဘာဖြစ်တာထင်လဲ....sucide!!!!!! 

       သိပ်မှန်တာပေါ့...စိတ်ကိုတင်းထားပါသေးတယ် .... ခင်ဗျားတို့ခံစားဖူးလား ...အရာအားလုံးကိုလက်လွှတ်လိုက်ရတဲ့ခံစားချက် သဘာဝမဟုတ်တဲ့အရာတစ်ခုကိုရင်ဆိုင်နေရတဲ့ခံစားချက်....သိပ်ခါးတာဗျ...စိတ်ထောင်းကိုယ်ကြေတဲ့....သိပ်မှန်တဲ့စကားပုံလေး....

         ပြောရမယ်ဆိုရင် အခုအခြေနေကအိမ်ခြေမဲ့ပေါ့...Taehyungရဲ့အစ်ကိုကလက်ထပ်လိုက်ပြီမို့ ကျွန်တော့ကိုသူ့အိမ်မှာခေါ်ပြီးပေးနေတယ်....သက်တူရွယ်တူတွေမို့တိုင်ပင်ဖော်တော့ရပါရဲ့...အဓိက ကကျွန်တော့ရဲ့စိတ်...Taehyungမရှိတဲ့အချိန်ဆို ကျွန်တော်ဟာ လူစားထိုးခံလိုက်ရသလိုပဲ....နာလို့နာမှန်းမသိ သွေးတွေထွက်လာရင်တောင်မက်မက်မောမောပြန်ကြည့်နေမိတာမျိုး......

        Taehyungအိမ်ပြန်ရောက်ပြီဆို ကျွန်တော့နာမည်ကိုအလန့်တကြားခေါ်သံနဲ့အတူ ကျွန်တော့ဆီပြေးလာတဲ့ Taehyungရဲ့ပုံရိပ်ဝါးဝါးတစ်ချို့....အဲ့လိုနေ့မျိုးကတစ်လမှာ၁၀ရက်လောက်ရှိတယ်ဗျ....သတိဝင်လို့ပြန်နိုးလာပြီဆိုရင်လဲ ခန္ဓာကိုယ်ရဲ့ဘယ်နေရာကမှန်းမသိတဲ့ဆစ်ခနဲ့နာကျင်မှုနဲ့အတူ မြင်ရတာကဆေးရုံအခန်းရဲ့မျက်နှာကျက်.....

          ကြာလာတော့ တစ်ကိုယ်လုံးနီးပါးဓားရှထားတဲ့အမာရွတ်တွေချည်း....လည်ပင်းနဲ့လက်ကောက်ဝတ်မှာတော့ထင်းလို့ပေါ့....Taehyungကတော့သူ့အနားကနေမခွာတော့ဘူး...အချိန်ပိုင်းအလုပ်လဲမသွားတော့ဘူး...Yoongiနဲ့ Hoseokတို့ကတော့အားတိုင်းသူနဲ့အဖော်ပြုပေးကြပါသေးတယ်....

           အဲ့လိုအခြေနေတွေကဗိုက်လေး သိသိသာသာဆူထွက်လာချိန်မှာတော့ သူ့ကိုယ်သူထိန်းချုပ်ခဲ့တယ်...အများကြီးအဆင်ပြေသွားပြီလို့ဆိုရမလားပဲ........အခုဆိုရင် ဗိုက်ထဲကကလေးလေးကိုမြင်ရတော့မယ်....မနက်ဖြန်ဆိုခွဲခန်းဝင်ရမယ်လေ... သဘာဝမဟုတ်တဲ့ဖြစ်ရပ်တစ်ခုအတွက် ကလေးကိုခွဲမွေးမှရမှာမလား.....ကြောက်စိတ်ကိုအများကြီးပြင်ဆင်ထားပြီးပြီ......

Only then(Completed)Where stories live. Discover now