Part..10..

3.8K 350 9
                                    

(Unicode)

ဒေါက် ဒေါက်...

"Hyung ဝင်လာမယ်နော်Taehyung.."

ခရီးကပြန်ရောက်တော့အဝတ်တွေလျှော်ပြီးသွား၍ပြန်သိမ်းနေတုန်းတံခါးခေါက်သံနှင့်အတူ ဝင်လာသောကြောင့် လုပ်လက်စကိုခဏရပ်ပြီးကုတင်ပေါ်သွားထိုင်လိုက်တော့ အနားမှာလာထိုင်တဲ့ Seokjin....

"ပြောစရာရှိလို့လားhyung..."

"အင်း..ဟိုလေ hyung Namjoonနဲ့လက်ထပ်တော့မယ်လို့..."

"ခွင့်တောင်းတာလား အသိပေးတာလား..ကျွန်တော်ကန့်ကွက်လဲhyungကလက်ထပ်မှာပဲမလား...."

Seokjinကမဝံ့မရဲခေါင်းငြိမ့်ပြတော့

"Hkk...အဲ့ဒါများ လာပြောနေသေးတယ်..."

"တောင်းပန်ပါတယ်Taehyung ah.."

"မလိုပါဘူး...hyungလဲသူ့ကိုသဘောကျတာပဲမလား..."

"အင်း..လက်ထပ်ပြီးရင်သူ့အိမ်လိုက်နေရမယ်တဲ့ ကုမ္ပဏီကို ဆက်ခံနိုင်ဖို့အတွက် ငါ့ကိုပြင်ဆင်ပေးဖို့တဲ့...."

"အင်း သွားနေပေါ့ ကျွန်တော်လဲကလေးမှမဟုတ်တော့ဘဲ တစ်ယောက်တည်းနေလို့ရပါတယ်..အားရင်လာလည်ပေါ့..."

"မင်းစိတ်မဆိုးဘူးလား....."

"မဆိုးပါဘူး..သူတို့လဲhyungအပေါ်ကောင်းရင်အဆင်ပြေပါတယ်...အရင်ကရိုင်းရိုင်းစိုင်းစိုင်းတွေပြောခဲ့မိတာလဲတောင်းပန်ပါတယ်..."

SeokjinလဲTaehyungကိုလှမ်းဖက်လိုက်ပြီး...

"ကျေးဇူးပါ Taehyung....တကယ်ကိုကျေးဇူးပါ..."

"ဟားဟားးး ဟုတ်ပါပြီ hyungကဘယ်တုန်းကဒီလောက်ကလေးဆန်သွားတာတုန်း မျက်ရည်တွေနဲ့....."

Seokjinရဲ့မျက်ရည်တွေကိုသုတ်ပေးရင်း ပြုံးစစနှင့်ပြောလိုက်တော့..

"နဂိုကတည်းကအဲ့လိုပဲကို အာ့ကြောင့်မင်းယောက်ဖကြီးကငါ့ကိုသဲသဲလှုပ်လေ ဟွန့်..."

"အံမယ် အားကျအောင်လာပြောနေတယ်...တစ်ရက်လောက်Namjoon hyungနဲ့တွေ့ကြည့်ဦးမယ်...ကျွန်တော့hyungကိုကြည့်ထိန်းပါဦးလို့မှာရမယ်..."

"Taehyungကျောင်းပြီးရင်ဘာလုပ်ချင်လဲ....hyungကိုပြောနော် အရင်ကတစ်ခါမှအဲ့လိုတွေမပြောခဲ့ရဘူးလေ..."

Only then(Completed)Tempat cerita menjadi hidup. Temukan sekarang