(Unicode)
"Shinn Do Young ဟုတ်တယ်မလား?"
Jungkookအမေသည် ထုံးစံအတိုင်း နှုတ်ခမ်းနီခပ်ရဲရဲတွေနှင့် ကော်ဖီခါးခါးတစ်ခွက်ကယှဥ်တွဲလျက်...
ဆိုဖာပေါ်တွင်ခြေချိတ်ထိုင်ကာ တစ်စုံတစ်ဦးဆီ ဖုန်းဆက်နေခဲ့သည်။
"ဘယ်သူများလဲမသိဘူး.."
"သူများပစ္စည်းကိုမတရားလိုချင်ပြီး အခုဘဝပါပျက်နေတာတဲ့လား Do Young shii"
Jungkookစုံစမ်းခိုင်းကတည်းက သူ့လူတွေကို သေချာညွှန်ကြားပြီး စုံစမ်းနေခဲ့တာ။တွေ့တော့လဲ ဘာမှမရှိတော့တဲ့ဘဝနဲ့ အကြွေးတွေကြောင့်လိုက်ပုန်းနေရသတဲ့..။
ဝဋ်ကြွေးတွေ... ဝဋ်ကြွေးတွေ...
"ခင်ဗျားဘယ်သူလဲ ဘာလို့ကျုပ်ကိုဆက်သွယ်လာတာလဲ"
"လွန်ခဲ့တဲ့၄နှစ်က အကြွေးပြန်တောင်းဖို့လေ နင်သူများဘဝကိုဖျက်သွားခဲ့တာမလား ခွေးကောင်ရဲ့"
"ပေါက်ကရတွေလာမပြောနဲ့ ခင်ဗျားကိုကျုပ်မသိဘူး ခင်ဗျားပြောတာတွေလဲနားမလည်ဘူး"
"Park Jiminကိုတော့သိတယ်မလား"
"ခ.ခင်ဗျား.."
"နင်သုံးခဲ့တဲ့စာချုပ်တွေက အတုတွေနော် ဘာမှမသိတဲ့သူဆီက လှည့်ပတ်လိမ်တာ နင်တော်တော်အောက်တန်းကျတယ် ငါ့သဘောအတိုင်းဆို ငါလူလွှတ်ပြီးသတ်ပစ်လိုက်ပြီ ငါ့သားကတားလို့ ဥပဒေဘောင်အတွင်းကသွားကြတာပေါ့ တစ်သက်လုံးလွတ်လမ်းမရှိအောင် ငါလုပ်ပေးမယ် လိုက်ပုန်းနေတဲ့ဘဝကနေ ထောင်မှာနေရာအတည်တကျရသွားတော့ပေါ့ မဟုတ်လား အမှိုက်ကောင်.."
Shinn Do Youngသည်သွေးရူးသွေးတန်းထအော်တော့သည်။ငါ့အဖိုးတန်သမက်ကိုများ လာထိရဲတယ် ..ဘဝကူးမပစ်လိုက်တာ ကံကောင်းတယ်မှတ်..
M.Oလုပ်ငန်းစုသည်တော့ ဘယ်လိုမှပြန်အဖက်ဆယ်မရတော့ပါ..အချိန်တစ်နှစ်တောင်မကြာလိုက်ချိန်တွင် Shinn Do Youngလက်ထဲ ပျက်စီးနှင့်ပြီ။
ဖုန်းချပြီးတာနဲ့ နောက်ထပ်တစ်စုံတစ်ယောက်အားဆက်ရပြန်သည်။
"ဟယ်လို ယောကျ်ား.."
"အင်း ဘာဖြစ်လို့လဲ"
"အဲ့ဒီမှာ အလုပ်ပါးရင် ရှင်လဲKoreaလာခဲ့ပါဦး သားကိုအိမ်ထောင်ချပေးတော့မယ်"
CZYTASZ
Only then(Completed)
Fanfictionငါမင်းကိုအမြဲတမ်းအလိုလိုက်ခဲ့တယ်..အလျှော့ပေးခဲ့တယ်...ငါဆိုတာမင်းရဲ့လိုသုံးတစ်ယောက်လိုမျိုး......ဒါပေမယ့်အရာအားလုံးကိုတသမတ်တည်းတည်ရှိနေမှာမဟုတ်ဘူးဆိုတာ မင်းမေ့နေခဲ့သလား........ ....Jungkook.... မင်းနဲ...