(Unicode)
4နှစ်ကြာပြီးမှမွေးရပ်မြေကိုပြန်ရောက်လာခဲ့ပြီ....ခံစားချက်တို့ကသစ်လွင်နေပါသော်လည်း အကယ်၍များတစ်စုံတစ်ယောက်နဲ့ပြန်ဆုံခဲ့ရင်..ဆိုသောအတွေးတို့က ရင်ခုန်မိသလို မုန်းမိသလို....
ဟိုမှာနေတဲ့အတောတွင်းHoseokတို့နဲ့လဲအဆက်သွယ်ဖြတ်ထားခဲ့ရသည်မို့ သူ့ကိုများစိတ်ခုနေကြမလား..မတက်နိုင်ဘူးလေ Ommaရဲ့ဆုံးဖြတ်ချက်ပဲ..ဒါကလဲ Hoseokတို့နဲ့ပါအဆက်သွယ်ဖြတ်ရင်Park Jiminအကြောင်းဘာတစ်ခုမှမစုံစမ်းဘဲ လွှတ်ထားပေးမယ် အန္တရာယ်ကင်းစေရမယ်ဆိုသော ကတိတစ်ခုကြောင့်သာ..
အခုတော့သူပြန်ရောက်လာပြီလေ...သူငယ်ချင်းနှစ်ယောက်နဲ့သူ့ကိုလဲလွမ်းလှပြီ...မုန်းမေ့ဖို့ကြိုးစားခဲ့ပေမယ့်ပေါ့..... အတွေးတို့နဲ့အတူ အမြဲတမ်းအလွတ်ရနေခဲ့သော သူငယ်ချင်းတွေရဲ့ဖုန်းနံပါတ်ဆီသို့.......
"Hello...."
တစ်ဖက်ကထူးလာတဲ့အသံကHoseokပဲ....
"Hello..Hoseok...ငါပါ..."
"ဘယ်သူ...မဟုတ်မှ Jeon Jungkook!!!...."
"ဟားဟား မှတ်မိတယ်လား......"
"Hkk...မမှတ်မိချင်လို့ခက်နေတာကွ...ဒါနဲ့ဘာကိစ္စရှိလဲ...."
"ဟွန်းး မင်းတို့ငါ့ကိုစိတ်ဆိုးနေတာလား လေသံကမာလိုက်တာကွာ..ငါစိတ်မကောင်းဖြစ်အောင်လို့...."
"aww~~စိတ်မကောင်းဖြစ်သွားတာလား အာ့ဆိုလဲsorry..sorry..."
"Hoseok...တစ်ခုခုဖြစ်နေတာလား...ငါ့ကိုစိတ်မဆိုးကြပါနဲ့ကွာ...ရုတ်တရက်ommaကလှမ်းခေါ်တာနဲ့သွားလိုက်ရတာ...ဟိုရောက်တော့အခြေနေတွေကတင်းမာနေတာနဲ့..ဟူး....."
"ငါတို့ကမင်းကိုဘာလို့စိတ်ဆိုးရမှာလဲ...ငါတို့နဲ့မင်းကဘာမှမှမဆိုင်တာကို....."
"ဟာ...ငါ့မှာသူငယ်ချင်းဆိုလို့မင်းတို့၂ယောက်ပဲရှိတာလေ...ငါတကယ်တောင်းပန်ပါတယ်ကွာ...စိတ်မဆိုးကြပါနဲ့....မင်းတို့ဘယ်မှာလဲ ငါလာခဲ့မယ်လေ...."
"ငါမင်းလိုအားမနေဘူးJungkook..ငါ့မှာစောင့်ရှောက်ရမယ့်လူတွေရှိသေးတယ် သူတို့အတွက်ငါကြိုးစားရမယ် ပြောစရာမရှိတော့ရင်ဖုန်းချတော့မယ်ကွာ...."
YOU ARE READING
Only then(Completed)
Fanfictionငါမင်းကိုအမြဲတမ်းအလိုလိုက်ခဲ့တယ်..အလျှော့ပေးခဲ့တယ်...ငါဆိုတာမင်းရဲ့လိုသုံးတစ်ယောက်လိုမျိုး......ဒါပေမယ့်အရာအားလုံးကိုတသမတ်တည်းတည်ရှိနေမှာမဟုတ်ဘူးဆိုတာ မင်းမေ့နေခဲ့သလား........ ....Jungkook.... မင်းနဲ...