(Unicode)
"အာ.......ပါးစပ်ဟပါကွာ....နည်းနည်းပဲကျန်တော့တယ်..."
နေမကောင်းလို့ ဆန်ပြုတ်ကျွေးနေတာကို မစားချင်တော့ဘူးဆိုကာ ခုတင်ပေါ်ကနေဂျီကျနေသော ဂျီကောင်လေး....
"Minnie...မစားဘူးဆိုရင် မင်းနေကောင်းလဲငါမင်းနဲ့မကစားဘူးနော်..."
"ကယ်....ပိစိလေးတွေ ဘာတွေညံနေကြတာတုန်း"
Jiminရဲ့အမေက အခန်းထဲဝင်လာပြီးမေးတော့
"Koo ပေါ့ minnieကတော်ပြီလို့ပြောတာကို အတင်းကျွေးနေတယ်...."
"Kooကကောင်းစေချင်လို့ပါသားရယ် တကတည်း ဖြစ်နေလိုက်ကြတာ လူကြီးလေးတွေကျနေတာပဲ..."
"ommaကလဲminnie ,ဝပြီလေနော်...."
"ကုန်အောင်မစားရင်ဦးလေးရုံးပိတ်ရက် ဘယ်မှလိုက်မပို့တော့ဘူးတဲ့ ဟုတ်တယ်နော်အန်တီ..."
တယ်လဲစကားတက်တဲ့Kooလေး....သူ့ရဲ့minnieလေးနေမြန်မြန်ပြန်ကောင်းဖို့အရေး နည်းမျိုးစုံကိုသုံးနေတော့တာ....
"ဒါပေါ့ Kooရဲ့ မင်း ဦးလေးကပြောထားတယ်မလား ပိတ်ရက်ကျရင် ပင်လယ်ကိုလိုက်ပို့မယ်လို့...."
"စားမယ် စားမယ် စားရင်ပြီးရောမလား ဟွန့် ommaနဲ့Koo တော်တော်အတွဲညီနေကြတယ်ပေါ့ နေဦး Appaလာမှတိုင်ပြောမယ်"
"ဟားဟား....မကြောက်ပေါင်...."
လျှာထုတ်ပြောင်ပြနေသောKooငယ်အား minnieမှခေါင်းအုံးများဖြင့်ပစ်ပေါက်နေခဲ့သည်။
ဝေဝါးလာသော အတိတ်မှဖြစ်ရပ်များနှင့်အတူ တဖြည်းဖြည်းပွင့်လာသော မျက်ဝန်းတစ်စုံ.....
ပတ်ဝန်းကျင်ကိုကြည့်လိုက်တော့ မိမိရင်းနှီးနေသောနေရာပင်ဖြစ်နေတာကြောင့်သက်ပြင်းတစ်ချက်ချလိုက်သည်။ဒါ သူ့အခန်းပဲ.....
"Minnie....နိုးပြီလား..အဆင်ပြေရဲ့လား....ခေါင်းမူးနေလား...."
Jiminနိုးသည်ကိုမြင်သည်နှင့်အနားသို့အပြေးသွားပြီး ခြေစမ်းလိုက် ခေါင်းစမ်းလိုက် မေးနေသောJungkookကိုကြည့်ကာYoongiတို့မှာတော့ ခေါင်းတစ်ခါခါဖြင့်.....
"အင်း အဆင်ပြေတယ် Ommaရော...."
"ခုနက ကားတိုက်မိမလိုဖြစ်တဲ့နေရာမှာပဲ အန်တီ့ကားနဲ့ဆုံတော့ အိမ်ပဲခေါ်လာလိုက်တော့ဆိုလို့...."
BINABASA MO ANG
Only then(Completed)
Fanfictionငါမင်းကိုအမြဲတမ်းအလိုလိုက်ခဲ့တယ်..အလျှော့ပေးခဲ့တယ်...ငါဆိုတာမင်းရဲ့လိုသုံးတစ်ယောက်လိုမျိုး......ဒါပေမယ့်အရာအားလုံးကိုတသမတ်တည်းတည်ရှိနေမှာမဟုတ်ဘူးဆိုတာ မင်းမေ့နေခဲ့သလား........ ....Jungkook.... မင်းနဲ...