(Unicode)
ဒီနေ့မှ ကောင်းကင်ကြီးသည် အကြည်လင်ဆုံး အလှပဆုံး....
အဖြူရောင် ခပ်မျှင်မျှင်တိမ်စိုင်များဖြင့် ရောယှက်ကာ အမြင်တင့်တယ်လို့နေသည်။
ကိုယ့်အသိုင်းအဝိုင်းအနည်းငယ်ဖြင့်သာ အကျဥ်းချုပ်လိုက်ပြီး အကျယ်တဝင့်လဲလုပ်မနေတော့..
ဒီမင်္ဂလာပွဲ ဖြစ်မြောက်ဖို့ဆိုတာ ကျော်ဖြတ်ခဲ့ရတာတွေက ရိုးရှင်းနေတာမှမဟုတ်ဘဲ...အပြင်လူတွေက လာရောက်မေးငေါ့ပြီး စပ်စုကြမှာမျိုးကိုJungkookမလိုချင်ပါ။အဓိကသည် Jiminမထိခိုက်ဖို့ပဲ...
ကျယ်ပြန့်သော မြက်ခင်းပြင်ကြီးတွင် အဖြူရောင်များသာ သုံးကာ အလှဆင်ထားသည်။ပိတ်စ ပါးပါးလေးတွေသည် လေယူရာ တယိမ်းယိမ်းဖြင့်...
မနက်ခင်း၏နှင်းရည်များကြောင့် မြက်ခင်းပြင်ကြီးသည် စိုစွတ်ကာ ရနံ့တသင်းသင်း...
တကယ်ကိုမင်္ဂလာရှိသော နေတစ်နေ့ရယ်ပါ
သောင်းသောင်းဖြဖြ လက်ခုပ်သံများအဆုံး အဖြူရောင်သတို့သားနှစ်ဦးသည်လဲ အဆုံးမရှိသော ကတိသစ္စာများဖြင့်ချည်နှောင်ပြီးသား..
ဒီတစ်ခါထပ်မဝေးတော့ပါဘူးဆိုတာကို..ယုံ...။
"ငါ ommaကိုသတိရတယ်..ငါ့မင်္ဂလာပွဲမှာ သူအရမ်းပျော်နေမှာပဲ..မင်းကိုလဲommaက အရမ်းချစ်တာမလား..."
မျက်ရည်လေးဝဲကာပြောနေသူကြောင့်Jungkookလဲ စိတ်မကောင်းဖြစ်မိသည်။
"မငိုပါနဲ့minie..မင်းအခုပျော်နေတယ်မလား အန်တီလဲ ကျေနပ်နေမှာပါ ငါကလဲ အကောင်းဆုံးကြိုးစားပေးမှာမို့လို့လေ..."
"တောင်းပန်ပါတယ်Jungkook...မင်းအပေါ်နာကျင်စေခဲ့တာတွေအတွက်..."
"အခုချိန် ဒါတွေပြန်မပြောကြရအောင် ..ပြီးခဲ့တာတွေကို ငါအမှတ်တရအနေနဲ့ပဲသိမ်းလိုက်ပြီ မင်းလဲအနာဂတ်ကိုပဲတွေးတော့...ငါလဲ မင်းနဲ့သားအကြောင်းပဲတွေးတော့မယ်..."
"အင်း..အဲ့လိုလုပ်ပါ့မယ်.."
ကိုယ်စီမျက်ရည်လေးတွေနဲ့ ကြည့်နေမိကြရင်း စက္ကန့်တိုင်းမှာ အချစ်တွေသည်တိုးလာလျက်...အရိပ်ကလေးမြင်ရုံနဲ့ချစ်သည်။
KAMU SEDANG MEMBACA
Only then(Completed)
Fiksi Penggemarငါမင်းကိုအမြဲတမ်းအလိုလိုက်ခဲ့တယ်..အလျှော့ပေးခဲ့တယ်...ငါဆိုတာမင်းရဲ့လိုသုံးတစ်ယောက်လိုမျိုး......ဒါပေမယ့်အရာအားလုံးကိုတသမတ်တည်းတည်ရှိနေမှာမဟုတ်ဘူးဆိုတာ မင်းမေ့နေခဲ့သလား........ ....Jungkook.... မင်းနဲ...