(Unicode)
"ဒီအချိန်ကြီးဘယ်မှာဘာတွေလုပ်နေလို့ အခုမှပြန်ရောက်တာလဲ Kim Taehyung..."
လေသံမာမာဖြင့်မဟုတ်သော်လည်းမနူးညံ့သောအသံဖြင့်မေးလာသောကြောင့်အပေါ်ထပ်သို့တက်ရန်ပြင်နေသောခြေလှမ်းများရပ်တန့်လိုက်သည်။
အလယ်တန်းနှစ်ကပင်မိဘများမတော်တဆဖြစ်ကာတိမ်းပါးသွားကြပြီဖြစ်တာကြောင့် အကိုဖြစ်သူKim Seokjinနှင့်နှစ်ယောက်ထဲ မိဘများနှင့်အတူနေခဲ့ကြသောနှစ်ထပ်တိုက်အိမ်ကလေးတွင်သာနေထိုင်ခဲ့ကြသည်။ထိုအချိန်က Kim Seokjinမှာဆေးကျောင်းတက်နေတဲ့အချိန်ဖြစ်တာကြောင့်အတော်ပင်ခက်ခဲခဲ့သည်။ရည်ရွယ်ချက်ကိုလဲမစွန့်လွှတ်ချင် ညီဖြစ်သူ၏ပညာရေးကိုလဲဆုံးခန်းတိုင်စေချင်တာကြောင့် Seokjinခမျာ ကျောင်းတစ်ဖက် အချိန်ပိုင်းအလုပ်တစ်ဖက်ဖြင့်ပင်ပန်းခဲ့ရရှာသည်။ ကြာလာတော့ လောကဓံအားကြံ့ကြံ့ခိုင်နိုင်စွမ်းမရှိတော့သည့်နောက် ကျောင်းထွက်၍ညီဖြစ်သူအတွက်သာ ထောက်ပံ့ပေးရန်ဆုံးဖြတ်လိုက်သည်။သို့ပေမယ့် ကံတရားကပဲအလေးပေးခဲ့တာလားမသိ တက်လမ်းတစ်ခုအားရှာတွေ့ခဲ့သည်။ဤသည်ကား သူနှင့်အတူဆေးကြောင်းတက်နေသောKim Namjoon ဖြစ်သူပင်။
မေးသည်ကိုဂရုမစိုက်သလိုပုံစံမျိုးဖြင့်သာ အပေါ်ထပ်သို့တက်ရန်ပြင်နေသောညီဖြစ်သူအား...
"ငါမေးနေတယ်လေ Kim Taehyung.."
"သိပြီးတော့ရော ဘာလုပ်မှာလဲ.."
"အချိန်ပိုင်းအလုပ် လုပ်နေတာဆိုရင် ထွက်လိုက်တော့ ကျောင်းစာကိုပဲအာရုံစိုက်"
"မထွက်ဘူးဆိုရင်ရော"
တစ်ခွန်းမကျန်ပြန်ခံပြောနေသော Taehyungအားကြည့်ကာSeokjinသက်ပြင်းချလိုက်မိသည်။
"မင်း မထွက်ရင် ငါကိုယ်တိုင်အလုပ်ရှင်ကိုအလုပ်ထုတ်ခိုင်းဖို့သွားပြောမှာ.."
"တော်ပါတော့hyung..အရင်အလုပ်တွေလဲ hyungပဲ ထုတ်ခိုင်းခဲ့တာမလား..ဒီတစ်ခုကတော့ကျွန်တော်ခက်ခက်ခဲခဲရှာခဲ့ရတဲ့အလုပ်ဖြစ်တာကြောင့် ကျေးဇူးပြုပြီး မသိချင်ယောင်ဆောင်ပေး.."
"ငါမင်းတစ်ယောက်ကိုတော့ ရှာကျွေးနိုင်သေးတယ်ကွ.."
"သူများဆီကခြူစားပြီးတော့လား..."
YOU ARE READING
Only then(Completed)
Fanfictionငါမင်းကိုအမြဲတမ်းအလိုလိုက်ခဲ့တယ်..အလျှော့ပေးခဲ့တယ်...ငါဆိုတာမင်းရဲ့လိုသုံးတစ်ယောက်လိုမျိုး......ဒါပေမယ့်အရာအားလုံးကိုတသမတ်တည်းတည်ရှိနေမှာမဟုတ်ဘူးဆိုတာ မင်းမေ့နေခဲ့သလား........ ....Jungkook.... မင်းနဲ...