Part..16..

4.3K 350 86
                                    

    (Unicode)

           "CEO...ဖယ်ပါ....ဘယ်သူနဲ့လူမှားနေလဲမသိပေမယ့် ကျွန်တော်ကCEOသိတဲ့သူမဟုတ်ပါဘူး...."

         "minnie.....မဟုတ်.."

        "အဲ့လိုမခေါ်ပါနဲ့ ဘာလို့လဲမသိပေမယ့် အဲ့နာမည်မကြားချင်ဘူး သွားခွင့်ပြုပါဦး...."

သွားတော့မည်တကဲကဲလုပ်နေသောကောင်လေး၏လက်ကိုဖမ်းဆွဲထားလိုက်ရင်း...

"တောင်းပန်ပါတယ် min..Arrမဟုတ်ဘူး Jimin shii...ကျွန်တော့လုပ်ရပ်ကနားလည်ရခက်သွားမှာသိပါတယ်...."

"ကျွန်တော်က ကလေးအဖေတစ်ယောက်ပါ CEO အခုလိုလုပ်တာက သူများတွေသိကုန်ရင် ကုမ္ပဏီကိုလဲထိခိုက်နိုင်သလို ကျွန်တော်လဲလူမုန်းများနိုင်ပါတယ်...."

"ကျွန်တော်မစဥ်းစားမိလိုက်ဘူး တောင်းပန်ပါတယ်...ဒါပေမယ့် အခွင့်ရေးတော့ပေးစေချင်တယ်  ကျွန်တော်Jimin shiiကိုသဘောကျတာကိုသိထားပေးပါ...."

"ဒါဆို သွားခွင့်ပြုပါဦး.CEO Jeon.."

"ဟို..နေ့လည်စာ တူတူစားရအောင်..."

"နေပါစေ..ကျွန်တော်ကဝန်ထမ်းတွေရဲ့canteenမှာပဲစားလိုက်ပါ့မယ်..."

"သွားလို့ရပါပြီJimin shii..ထမင်းစားချိန်ကျွန်တော်အတွင်းရေးမှူးလွှတ်လိုက်မှာမို့ အဲ့လိုပဲသိထားပါ...."

"CEO!!!....."

"အတွင်းရေးမှူးအို ..Jimin shiiကိုသွားပြန်ပို့လိုက်ပါ...."

"nae...သွားရအောင်Jimin shii..."

          Jiminပြန်သွားတော့မှJungkookလဲ ဆိုဖာပေါ်ပြန်ထိုင်ရင်း သက်ပြင်းချရတော့သည်။ဒီသေးသေးလေးကအခုထိခေါင်းမာတုန်း..ပြောရင်လက်မခံချင်ဘူး...။ကိုယ်ကမှားထားတဲ့သူဆိုတော့လဲ ကိုယ်ကပဲအလျှော့ပေးဆင်ခြင်ရမှာပေါ့လေ....

(အလျှော့ပေးလို့ပဲနော်😏သူများကCanteenမှာပဲ စားတော့မယ်ပြောတာကိုသူကဇွတ်ခေါ်နေပြီးတော့များ😒)

         သူကိုယ့်ကိုသာပြန်မှတ်မိလာရင် မုန်းသွားမလားမသိပေမယ့် ဒီအချိန်အခိုက်အတန့်လေးတော့ အဆင်ပြေချင်မိတာအမှန်ပါ...

         ချစ်ရေးဆိုမယ်..သူလက်ခံလာရင်နေ့တိုင်းချစ်ကြောင်းတဖွဖွပြောမယ်...သားကိုပေါင်ပေါ်တင်ပြီး ကုမ္ပဏီအလုပ်တွေလုပ်မယ်..သားပူဆာတာမှန်သမျှဖြည့်ဆည်းပေးမယ်....ပင်ပန်းလာရင်ချစ်ရသူရဲ့ပေါင်ပေါ်ခေါင်းတင်ပြီးမှေးစက်မယ်..ဒါလေးပါဘဲ....

Only then(Completed)Where stories live. Discover now