(Unicode)"သားငယ် ဘာစားချင်လဲ..."
အဖျားပြန်တက်တာမျိုးမဖြစ်စေရန် ဆရာဝန်က ညနေပိုင်းအထိစောင့်ကြည့်ပြီးမှ ဆေးရုံဆင်းရမည်ဆိုသောကြောင့် နေ့လည်စာအတွက်သားကိုမေးနေပေမယ့် ပြန်မဖြေ...
ကလေးသည် ကိုယ်ပူကျ၍ပြန်နိုးလာကတည်းက စကားနည်းကာ ငြိမ်နေသည်။Jiminကိုကြောက်ကာ ရှောင်တာမျိုး စိမ်းနေတာမျိုးတော့မရှိတာမို့ တော်ပါသေးသည်။
Jiminမေးတာကိုပြန်မဖြေဘဲ မှိုင်နေတာမို့ Taehyungက
"စွပ်ပြုတ်ပူပူလေး သောက်မလားသား Pa Taeဝယ်ပေးမယ်လေ ပြီးရင် စတော်ဘယ်ရီသီးပါဝယ်လာပေးမယ်"
ပါးစပ်ကပြန်မဖြေဘဲ ခေါင်းသာငြိမ့်ပြလာသည်။
"သားငယ် ဘယ်နေရာကနေမကောင်းဖြစ်နေလဲ Pa Taeကိုပြော နာနေတဲ့နေရာရှိလား"
ထိုသို့မေးတော့ ချက်ချင်းခေါင်းခါကာ ခပ်တိုးတိုးဆိုလာသည်။
"Daddy..လေ..တွေ့ချင်နေလို့~~"
ထို့နောက် ဘာမှဆက်မပြောတော့ဘဲ ခေါင်းငုံ့သွားပြန်တာကြောင့် အနားကိုကပ်သွားလိုက်တော့ မျက်ဝန်းဝိုင်းလေးမှာ အရည်ကြည်များ လဲ့နေလေပြီ။နှုတ်ခမ်းကလေးသည် အောက်သို့ကိုင်းညွှတ်ကာ မဲ့စပြုနေပြီမို့ အမြန်ချော့ရတော့သည်။
"သားအရင်နေကောင်းမှဖြစ်မှာလေ ဆေးရုံကပြန်ရင်Daddyဆီလိုက်ပို့ပေးမှာမို့ သားကလိမ္မာနော် အတင်းမပူဆာနဲ့ ကြားလား"
ကျစပြုလာပြီဖြစ်သော မျက်ရည်များအား သုတ်ပေးကာပြောလိုက်တော့လဲ ခေါင်းငြိမ့်ပြပြန်သည်။
"ဒါဆိုPa Jiနဲ့ခဏနေခဲ့ဦးနော်..Pa Taeသားအတွက် စားဖို့သွားဝယ်ခဲ့မယ်"
"ဟုတ်တဲ့ Pa.."
Taehyungသွားလိုက်တာနဲ့ Jiminနှင့် Jungminလေးသာကျန်ခဲ့သည်။Jungminလဲ အရင်ကလို ဟိုမေးဒီမေး စပ်စုနေတာမျိုးမရှိတော့ဘဲ တိတ်ဆိတ်နေတာမို့ Jiminသက်ပြင်းချမိသည်။
"သားငယ် Pa Jiကိုစိတ်ဆိုးနေလား ..ဟုတ်လားသား"
"သားဆိုးလို့ရိုက်တာပဲ ချိတ်မချိုးပါဘူး"
YOU ARE READING
Only then(Completed)
Fanfictionငါမင်းကိုအမြဲတမ်းအလိုလိုက်ခဲ့တယ်..အလျှော့ပေးခဲ့တယ်...ငါဆိုတာမင်းရဲ့လိုသုံးတစ်ယောက်လိုမျိုး......ဒါပေမယ့်အရာအားလုံးကိုတသမတ်တည်းတည်ရှိနေမှာမဟုတ်ဘူးဆိုတာ မင်းမေ့နေခဲ့သလား........ ....Jungkook.... မင်းနဲ...