(Unicode)
M.O ကုမ္ပဏီ၏ဥက္ကဌရုံးခန်းထဲတွင် ထိုင်နေသောအမျိုးသမီးကြိီးတစ်ဦးနှင့်သက်လတ်ပိုင်းအရွယ်အမျိုးသားတစ်ဦး....
"ဆိုလိုတာက ငါ့ကိုဒီနေရာမှာ ဆက်မရှိစေချင်တော့ဘူးဆိုတဲ့သဘောလား....."
"oh..ကျွန်တော်ပြောတာ အဲ့ဒီအဓိပ္ပာယ်သက်ရောက်သွားတာလားMrs.Park...."
"အဲ့ဒါကိုတော့ မင်းအသိဆုံးဖြစ်မှာပါ Shinn Do Young....ငါဒီကုမ္ပဏီကို ငါ့ခင်ပွန်းလွန်ပြီးကတည်းက ဦီးဆောင်ခဲ့တာ ၁၀နှစ်ကျော်ပြီ မင်းဝင်လာတာ၅နှစ်တောင်မရှိသေးဘူး...မင်းက ဘာပြောပိုင်ခွင့်နဲ့လဲ...."
"ကျွန်တော်ကတတိယအများဆုံးshareရှင်ဆိုတာ မေ့နေတာလား....ပြီးတော့ကျွန်တော်အားလုံးစုံစမ်းထားပြီးသား...ခင်ဗျားလဲ သိပ်မနေရတော့ပါဘူး ကျန်းမာရေးအခြေအနေက ဆိုးနေပြီမလား ပြီးတော့သားဖြစ်သူကလဲအခုမှတက္ကသိုလ်ပထမနှစ်... ကုမ္ပဏီကိုဆက်ခံမယ့်အရည်ချင်းပြည့်ဝသူတစ်ယောက်ယောက်တော့အဆင်သင့်လျာထားဖို့လိုပြီမဟုတ်လား..."
"ငါ့အခြေနေငါသိပြီးသား...အခုထိလုပ်ထားသမျှကငါ့သားအတွက်ပဲ ကုမ္ပဏီကိုလဲ ငါ့သားလက်ထဲပဲထည့်နိုင်မယ်..."
"တစ်စုံတစ်ရာမှားယွင်းလာခဲ့ရင် ကျွန်တော်တို့shareတွေပြန်ထုတ်ရလိမ့်မယ်..."
"မင်း...."
Jimin၏အမေမှာအံ့ကြိတ်ရင်းဒေါသထွက်နေလေပြီ
"နောက်ဆက်ခံသူက ဘယ်လိုလုပ်ဆောင်နိုင်စွမ်းရှိတယ်ဆိုတာ မသေချာဘဲနဲ့ကျွန်တော်တို့အရင်းနှီးတွေကို အလဟဿ အဖြစ်မခံနိုင်ဘူး...."
"အဲ့တော့ ဘာဖြစ်စေချင်တာလဲ...."
"ခင်ဗျားရဲ့သားနဲ့တွေ့ချင်တယ်..."
"ဘာမှမဆိုင်တဲ့ကိစ္စလို့ ငါထင်တယ်..."
"ညစာလေးတစ်နပ်လောက်ကဘာမှမဖြစ်သွားပါဘူး....."
"ကောင်းပြီ ငါ့သားကိုပြောကြည့်မယ်..."
"ဒါဆို သွားလိုက်ပါဦးမယ် Mrs.Park..."
Jimin၏အမေမှာလက်သီးကိုကျစ်ကျစ်ဆုပ်ရင်းသာ အခန်းထဲကျန်ခဲ့လေသည်။
YOU ARE READING
Only then(Completed)
Fanfictionငါမင်းကိုအမြဲတမ်းအလိုလိုက်ခဲ့တယ်..အလျှော့ပေးခဲ့တယ်...ငါဆိုတာမင်းရဲ့လိုသုံးတစ်ယောက်လိုမျိုး......ဒါပေမယ့်အရာအားလုံးကိုတသမတ်တည်းတည်ရှိနေမှာမဟုတ်ဘူးဆိုတာ မင်းမေ့နေခဲ့သလား........ ....Jungkook.... မင်းနဲ...