Part 40

483 43 2
                                    


တွယ်နှောင်ရစ်ငင်

အပိုင်း(၄၀)

#တွယ်နှောင်ရစ်ငင်

11180733

"မဟုတ်သေးဘူး..ဖေချမ်း...ရေထည့်မှ ကျက်မှာနော်..."

"မင်း က ဘာသိလို့လဲ..."

"ဖေချမ်းကော ချက်ဖူးလား..."

"မချက်ဖူးပေမဲ့ ငါက နိုင်ငံတကာ သွားဖူးတယ်...နိုင်ငံခြားမှာဆို ကိုယ့်ရှေ့တင် ချက်ပြတာ..."

"ချက်ပြတာ ချက်တာသင်ပေးတာမှ မဟုတ်တာ.."

"တူးပြီ...တူးပြီ...မင်းကြောင့်..."

'ဟမ်....ကျွန်တော် ဘာလုပ်လို့လဲ..."

"မင်း စကားများနေတာကိုးကွ...ကုန်ပြီ..."

ငြိမ်းချမ်း အော်ရင်း ရှေ့က ကြက်သားအိုးကို ဘေးမှာ ချလိုက်ကာ အဖုံးကို မရဲတရဲ ဖွင့်ကြည့်ရသည်။

ရေမရှိတော့ အဆာပလာတွေက တူးကုန်ပြန်သည်။

ကိုယ့်ရဲ့ ကြက်သားဟင်း သုတေသန မအောင်မြင်တော့ သူ့နည်းအတိုင်း ရေနှစ်ခွက်လောင်းထည့်ပြီး ပြန်ချက်ရသည်။

"ဒါတွေက ဘယ်လို ချက်ရတာလဲ...ဖေချမ်း"

"ဟမ်...မင်း ပြောတော့ အကုန်သိတယ်ဆို..."

"သိပေမဲ့ မလုပ်တက်ဘူး..ဖေချမ်းလိုပဲ..."

" ဘာလုပ်စားရတာလဲ မသိဘူး..."

"ပြုတ်ပြီး သုပ်စားတာလား...ဟင်းချိုချက်တာလား မသိဘူး.."

"မင်း ဘယ်လို စားချင်လဲ..."

"အစိမ်းရောင် ကြော်.."

"အေး...လုပ်တက်ရင် လုပ်ကွာ.."

ငြိမ်းချမ်း ပြောလိုက်တော့ ခေါင်းညိတ်လိုက်ကာ ဟင်းရွက်တွေကို ခြွေပြီး ပန်းကန်ထဲကို ထည့်နေသည်။

ဘေစင်မှာ ရေဆေးပြီး ဆား ပစ်ထည့်သည်။

ဆီနည်းနည်းထည့်ပြီး မီးဖိုပေါ် တင်ကာ မွှေနေပြန်သည်။

"ဘာတွေ ဖြစ်လာမလဲတော့ မသိတော့ဘူး.."

"ဖေချမ်း မေ့က ခုလိုချိန် မအိပ်ဖူးဘူး.."

တွယ်နှောင်ရစ်ငင် Where stories live. Discover now