Part 17

296 34 1
                                    

တွယ်နှောင်ရစ်ငင်

အပိုင်း(၁၇)

#တွယ်နှောင်ရစ်ငင်

11031126

"ဟင်...မိလုံးမလား.."

"ဟုတ်ကဲ့..."

"ဟယ်...ကြီးသွားလိုက်တာ...နင် တို့ ပြောင်းသွားတာ ကြာပြီပဲ.."

"ဟုတ်..."

"ဒါက နင့်ကလေးလား.."

"ဟုတ်ကဲ့...."

"နင် အိမ်ထောင်ကျပြီး ကောင်းစားသွားတယ်ဆိုတာ ကြားရတော့ ၀မ်းသာပါတယ်အေ..."

အလုံးကို အကဲခတ်ပြီး ပြောတော့ ပြုံးရုံသာ ပြုံးလိုက်ပြီး သားလက်ကလေးကို ပို၍ ဆုပ်ကိုင်ထားမိသည်။

ဘယ်တုန်းကမှ မရင်းနီးခဲ့သည့် ရွာထဲက တော်တော်များများ လှမ်းနှုတ်ဆက်ရင်း စပ်စုကြသည်။

အမှန်အတိုင်း ပြောလိုက်ရင် သားလေးကို အထင်သေးသွားမှာစိုးလို့ အလည်ဟုသာ သုံးလိုက်ရတော့သည်။

အလုံး နဲ့ပါလာတဲ့ အထုတ်တွေကို ဖွက်ထားခဲ့လို့ တော်ပါသေးရဲ့..။

သူတို့ထင်သလို မဟုတ်သည့် အလုံးရဲ့ အခြေအနေကို နောက်ခိုင်းတာနဲ့ နှာခေါင်းရှုံ့တော့မည်ဆိုတာ သိလို့ စကားသိပ်မပြောပဲ မြန်မြန် ထွက်လာခဲ့ရသည်။

"ဟင်..."

"ဘယ်သူလဲဟေ့..."

"မိလုံးပါ..."

ဘိုးလေး အိမ်မှာ လူတွေနေတော့ ဖေကြီး များ ရောက်နေလားအထင်ဖြင့် ခြံထဲဝင်သွားမိသည်။

"........."

မမြင်ဖူးတဲ့ အဒေါ်ကြီးက အကဲခတ်နေပြီးတော့မှ အတက်အဆင်းခုံမှာ ထိုင်ခိုင်းသည်။

"ဟို....အလုံးက ဒီအိမ်က ဘိုးလေးရဲ့ မြေးပါ.."

"သြော်....မအုံးရဲ့ သမီးလား.."

"ဟုတ်..ဟုတ်ပါတယ်ရှင့်.."

"အင်း...နင့်အမေဆုံးပြီဆို....တို့လည်း ကြားရတုန်းက အတော်လေး စိတ်မကောင်းဖြစ်ရတယ်အေ...မအုံးက လူကောင်းတစ်ယောက်ပါ..."

"ဟုတ်..."

"ရွာကို လာလည်တာလား.."

"ဟုတ်ကဲ့..."

တွယ်နှောင်ရစ်ငင် Tempat cerita menjadi hidup. Temukan sekarang