တွယ်နှောင်ရစ်ငင်
အပိုင်း(၇)
#တွယ်နှောင်ရစ်ငင်
10290535
"ဟင်...."
ငြိမ်းချမ်း စာကျက်ပြီးတော့ အောက်ထပ် ဆင်းလာချိန် လက်သမားတွေက ခြံစည်းရိုး လုပ်ဖို့ ပြင်ဆင်နေကြသည်။
ခြံထောင့်မှာ လွှသွေးနေတဲ့ ကောင်မလေး တစ်ယောက်ကို ကြည့်နေရင်း အိမ်ဘက်ကို လှည့်ကြည့်တော့မှ နှင်းမှုံ မှန်း သိတော့သည်။
အဖေ လည်း ရှိနေတော့ ခေါ်ရင် ကောင်းမလား မခေါ်ရင် ကောင်းမလား...။
"........"
ငြိမ်းချမ်းကို တွေ့ပေမဲ့ မသိချင်ယောင်ဆောင်ပြီး အလုပ်ဆက်လုပ်နေတော့ အိမ်ပေါ်ကို တက်လာခဲ့လိုက်သည်။
အခန်း ထဲကနေ ချောင်းကြည့်လိုက်တော့ မြေကြီးတွေ သယ်နေသည်။
"မိလုံး..."
"ဟင်...."
"ဘာကြည့်နေတာလဲ...မြန်မြန် လုပ်လေ..."
"အင်း.."
အလုံး မြေကြီးတွေကို လက်နဲ့ ကျုံးထည့်နေရင်း အိမ်အပေါ်ကို လှမ်းကြည့်မိသည်။
တံခါးနောက်မှာ သူ ရပ်နေတာ သိပေမဲ့ မြေကြီး ကို သာ ငုံ့ပြီး ထည့်နေလိုက်သည်။
သူတို့က ချမ်းသာလိုက်တာ....။
တိုက်ကြီးနဲ့နေရတာပဲ..။
သူအဖေကလည်း သူဌေးကြီးပဲ..။
အလုံး က မြေကြီးသယ်နေရတော့ သူ မခင်တော့မှာ စိုးရိမ်သွားသည်။
"ဘိုးလေး..."
"အေး..."
"အလုံး စာကျက်ဖို့ ရှိလို့ ပြန်တော့မယ်..."
"နေက ပူပူနဲ့...ပြန်တက်ရဲ့လား.."
"ဟုတ်.."
"မြန်မြန်လျှောက်ဦး..."
"ဟုတ်...."
အလုံး ခေါင်းညိတ်ပြီး ခြင်းထောင်းကို ချထားလိုက်ကာ အိမ်ပေါ်ကို တစ်ချက် ခိုးကြည့်မိသည်။
လက်ထောင်ပြနေတာ တွေ့တော့ စိတ်ထဲ ပျော်သွားပြီး ပြုံးပြလိုက်သည်။
YOU ARE READING
တွယ်နှောင်ရစ်ငင်
Romanceတွယ်နှောင်ရစ်ငင် "ကိုချမ်း...ကျိန်..." "ဟမ်..." "အလုံးက လွဲပြီး ဘယ်သူမှ မခင်ဘူးလို့ ကျိန်..." "ဘာလို့ ကျိန်ရမှာလဲ..မကျိန်ပါဘူး..ငါ ခင်ချင်တဲ့သူနဲ့ ခင်မှာပေါ့....နင့်ကိုလည်း ခင်တာပဲ..." "မရဘူး...ကျိန်..." "မကျိန်ဘူးဟာ....နောက်တစ်ခါ ထပ်ကျိန်ခိုင်းရင်...