တွယ်နှောင်ရစ်ငင်
အပိုင်း(၁၂)
#တွယ်နှောင်ရစ်ငင်
10310622
(ကျော်ပါတယ်....မဟုတ်ရင် သက်ငယ်ကိုယ်ဝန်ဆောင်ဘ၀ က နှစ်ပိုင်းလောက် ရှည် သွားမှာမို့ပါ စာဖတ်သူတွေကိုလည်း စိတ်ညစ်စရာတွေ ဖတ်ပေးနေတာ အားနာနေပြီ...)
.
"မေကြီး ပြောတာ နားထောင် သမီးရဲ့....ခုသာ ကလေးကိုပေးလိုက်ရင် သူဌေးသားလေး ဖြစ်လာလိမ့်မယ်...နင် လည်း ကလေးပဲ ရှိသေးတယ်...ကျောင်းတွေ ဘာတွေ ဆက်တက်လို့လည်း ရတာပေါ့..."
"ဟင့်အင်း.."
"သူများတွေကို ကြည့်စမ်း ကျောင်းတက်နေတာ အားမကျဘူးလား..ဟမ်..."
"မကျဘူး...အလုံး သားလေးကို မပေးဘူးနော် မေကြီး...နော်...နော်လို့..."
" ကလေး က ...ခုတောင် သေးသေးလေး....ငါတို့နဲ့ဆို အသက်ရှင်မှာတောင် မဟုတ်ဘူး..ဟိုမှာဆို အစားကောင်း အသောက်ကောင်းတွေ ကျွေးရင် ကျန်းကျန်းမာမာနေရမှာပေါ့..."
"အလုံး နို့ များများ တိုက်ရင် သား က ၀ လာမှာပါ မေကြီးရဲ့.."
"နင်တောင် အိပ်ရာက ထနိုင်လို့လား.."
"အင်း..ထနိုင်ပြီ.."
"ငါ ခေါက်လိုက်ရ...မသာမလေး....လူက သေတော့မလိုတောင် ဖြစ်ထားတာကိုး ကလေးက မွေးချင်သေး...နင်နဲ့ ထားရင်တော့ ကလေးကော နင်ကော သေမှာပဲ..."
"............"
"မပေးဘူးနော်....နော်...မေကြီး..."
"သူတို့က ပိုက်ဆံလည်း ပေးမယ်တဲ့..."
"ဟင့်အင်း..မယူဘူး...မယူဘူး..မပေးဘူးနော်....မေကြီး...အီး..."
"..........."
"အီး...အလုံးသားလေးကို မပေးပါနဲ့..မပေးပါနဲ့...."
"ညကြီးအချိန်မတော် ..တိတ်စမ်း..."
မေကြီး က အခန်းထဲ ထွက်သွားတော့မှ အလုံး ဘေးက သားလေးအနား ကို တိုးကပ်ပြီး ပါးလေး ကို တို့ကြည့်သည်။
ကလေးမွေးတာ ဘာမှန်း အလုံး မသိခဲ့ပေမဲ့ တကယ် မွေးချိန်မှာတော့ နာလွန်းလို့ သတိတောင် လစ်သွားခဲ့သည်။
YOU ARE READING
တွယ်နှောင်ရစ်ငင်
Romanceတွယ်နှောင်ရစ်ငင် "ကိုချမ်း...ကျိန်..." "ဟမ်..." "အလုံးက လွဲပြီး ဘယ်သူမှ မခင်ဘူးလို့ ကျိန်..." "ဘာလို့ ကျိန်ရမှာလဲ..မကျိန်ပါဘူး..ငါ ခင်ချင်တဲ့သူနဲ့ ခင်မှာပေါ့....နင့်ကိုလည်း ခင်တာပဲ..." "မရဘူး...ကျိန်..." "မကျိန်ဘူးဟာ....နောက်တစ်ခါ ထပ်ကျိန်ခိုင်းရင်...