Part 35

464 48 6
                                    


တွယ်နှောင်ရစ်ငင်

အပိုင်း(၃၅)

#တွယ်နှောင်ရစ်ငင်

11120430

"ဖေချမ်း.."

"ဘာလဲ..."

"ခဏ...ခဏ.."

ငြိမ်းချမ်း ထမင်းစားပြီးလို့ ဖုန်းခဏကြည့်မလို့ လုပ်နေချိန် လှမ်းခေါ်တော့ မီးဖိုခန်းထဲကို ပြန်ရောက်သွားရသည်။

"မေ က ပါဆယ်ရောက်လို့ သွားစစ်တယ်...ပြီးရင် အင်တာနက်က မှာတဲ့ အထည်တွေ ပါကင်လုပ်ရဦးမယ်..."

"......."

သူတို့ သားအမိ နှစ်ယောက် အင်တာနက်ကနေ အထည်စတွေ ရောင်းတာကို အစကတည်းက သိပြီးသားပဲလေ..။

ပါဆယ်ထုတ်ကိုလည်း ငြိမ်းချမ်းနဲ့ သူ အပေါ် ပို့ပေးခဲ့ကြပြီး ဘာတွေ လာပြောနေတာပါလိမ့်လို့ မျက်ခုံးတွန့်၍ ကြည့်မိသည်။

"ဖေချမ်း...ပန်းကန်ဆေးမလား...သန့်ရှင်းရေး လုပ်မလား.."

"ဘာ..."

"ဒီမှာလေ...စားပြီးသား ပန်းကန်နဲ့ ဟင်းပန်းကန်တွေ ဆေးမလား..ဟိုမှာ...ရေသုတ်တုတ်တံနဲ့ သန့်ရှင်းရေး လုပ်မလား.."

"ဟမ်.."

ငြိမ်းချမ်း နားမလည်နိုင် ဖြစ်နေတော့လက်ဆွဲသွားကာ ဘေစင်ထဲက ပန်းကန်တွေကို လက်ညိုးထိုးပြပြန်သည်။

"ဆေးမလား...သုတ်မလား.."

"ကျစ်...ငါက ဘာလို့ လုပ်ရမှာလဲ..."

"ဟ...မလုပ်လို့ရမလား...စားတုန်းက အတူတူ စားပြီး...မေ့ က ကျွန်တော်တစ်ယောက်တည်း ခိုင်းသွားတာ မတရားဘူး...တစ်ခုလုပ်ပေး.."

"မလုပ်ဘူးဆိုရင် မင်း ဘာလုပ်မလဲ..."

ငြိမ်းချမ်း စိတ်တိုတိုဖြင့် မေးငေါ့မေးလိုက်တော့ လက်ထဲက ပန်းကန်ကို ချပြီး လှည့်ကြည့်သည်။

"ဒေါက်တာ က စားပြီး နားမလည်တဲ့ သူလား.."

"ဘာကွ..."

"နေချင်သလို သာ နေ...ဘယ်လိုနေနေ ရတယ် ဆိုပေမဲ့ ဂုဏ်သိက္ခာ နဲ့သက်ဆိုင်တာလည်း ထည့်တွေးပေါ့..."

"ကျစ်.."

ငြိမ်းချမ်း ပြန်ထွက်ဖို့ ခြေလှမ်းပြင်လိုက်ပေမဲ့ ပြောလိုက်တဲ့ စကားက ထိခိုက်နေတော့ ခုံပေါ်က အေပရွန်ပဲ ကောက်ဝတ်လိုက်ရတော့သည်။

တွယ်နှောင်ရစ်ငင် Where stories live. Discover now