တွယ်နှောင်ရစ်ငင်
အပိုင်း(၁၉)
#တွယ်နှောင်ရစ်ငင်
"မေ့.."
"ဟင်..."
'ဖေကြီး ချောင်းဆိုးတာ သွေးတွေထွက်တယ်..."
"ဟင်.."
"ဒေါ်ချောက အကြွေးမဆပ်ရင် ရဲတိုင်တော့မယ်တဲ့..."
"ဟင်း.."
အလုံး အလုပ်ရုံမှာ အလုပ်သွားမေးပြီး ပြန်လာတာ အိမ်ပေါ်ရောက်တာနဲ့ သတင်းတွေဖြင့် စောင့်နေတဲ့ သားက ဆီးကြိုပြောတော့သည်။
"ဖေကြီး.."
"ဘာမှ မဖြစ်ဘူး..ဒီကောင်က လန့်နေတာ.. ဖြစ်နေကျပါ.."
"ဖြစ်မှာပေါ့...အရက်တွေသောက်တာကိုး...."
အလုံး ဒူးတုတ်ထိုင်လိုက်ပြီး ဖေကြီး ကို အ၀တ်အစားလဲပေးဖို့ ပြင်ဆင်ရသည်။
သားက အနားမှာကူပေးတော့ အဆင်ပြေသွားသည်။
"ဖေကြီးက မြေးနဲ့နေလို့ရပါတယ်..သမီးဈေးရောင်းသွားပါ.."
"စိတ်မချလို့ပေါ့...ဖေကြီးထက် ဘာမှ အရေးမကြီးဘူးး.."
"ဒီလောက်မကောင်းတဲ့ အဖေ ကို ဘာလို့ ခင်တွယ်နေတာလည်း သမီးရယ်.."
"အလုံးက ဖေကြီးကို ချစ်တာကိုး.."
"ငါ့သမီး ရှိတာနဲ့ လူဖြစ်ရတာ တန်ခဲ့ပါပြီ.."
"အလုံးလည်း ဖေကြီးရဲ့ သမီးဖြစ်ရတာပဲ ပျော်တယ်...ဖေကြီးကိုပဲ ချစ်တယ်.."
"မောင့်ကိုကော.."
"နင်နဲ့ နင့်အဖေ က တစ်ဝက်စီ..."
"ဟား...အဟွတ်..."
"ဖေကြီး.."
"ရတယ်..ရတယ်....သား..ဆေးပုလင်းလေး ယူလိုက်စမ်းပါ..."
"ကုန်ပြီ...ဖေကြီး.."
"အေး..အေး..လျက်ဆားလေးပဲ ပေး.."
အလုံး မြင်ရတာ မသက်သာလို့ မျက်လွှာ တစ်ချက်ချလိုက်ပြီး မှ ဆုံးဖြတ်လိုက်သည်။
ဘာပဲဖြစ်ဖြစ် အဖေ က အစားမရနိုင်ပါဘူး..။
ငါ တကယ်ဒုက္ခရောက်နေတာပဲ..။

YOU ARE READING
တွယ်နှောင်ရစ်ငင်
Romanceတွယ်နှောင်ရစ်ငင် "ကိုချမ်း...ကျိန်..." "ဟမ်..." "အလုံးက လွဲပြီး ဘယ်သူမှ မခင်ဘူးလို့ ကျိန်..." "ဘာလို့ ကျိန်ရမှာလဲ..မကျိန်ပါဘူး..ငါ ခင်ချင်တဲ့သူနဲ့ ခင်မှာပေါ့....နင့်ကိုလည်း ခင်တာပဲ..." "မရဘူး...ကျိန်..." "မကျိန်ဘူးဟာ....နောက်တစ်ခါ ထပ်ကျိန်ခိုင်းရင်...