Part 45

410 32 1
                                    


တွယ်နှောင်ရစ်ငင်

အပိုင်း (၄၅)

#တွယ်နှောင်ရစ်ငင်

11230100

"မင်း အမေ က သွားဆိုတာနဲ့ ထွက်သွားတာပဲလား..နည်းနည်း ပါးပါး မစဉ်းစားတက်ဘူးလား.."

"ဟုတ်တယ်လေ....မေ့ က မောင့်အမေပဲ မသွားပဲနေလို့ရမလား..."

"ဟူး..တော်တော် အားကိုးရတဲ့ကောင်.."

ငြိမ်းချမ်း အခန်းကို ဆေးသုတ်ဖို့အတွက် ပစ္စည်းတွေ သိမ်းရင်း အလုပ်များနေချိန် မောင်မောင်ကလည်း ကူပေးသည်။

"ကိုချမ်းနဲ့သား ထမင်းစားလို့ရပြီနော်.."

"ဟုတ်..."

မောင်မောင် က လက်ထဲက စက္ကူဘုံးကို ချပြီး ထွက်သွားတော့ ခေါင်းရမ်းမိသည်။

ဘာပဲဖြစ်ဖြစ် ဒီလောက် ကူညီပေးနေတာပဲ တော်တော်လေး ကျေးဇူးတင်ရပါမည်။

ဘယ်သူကများ အမေ နောက် ယောက်ျား ယူဖို့ ကို လိုလို လားလား စေတနာထား မှာလဲ..။

"ဟင်...."

ငြိမ်းချမ်း စာအုပ်တွေကို ဘီဒိုထဲ သေချာ ထည့်နေချိန် ခါးကို အဖက်ခံလိုက်ရသည်။

နောက်ဘက်ကို ခေါင်းငှဲ့ကြည့်တော့ အလုံးက ကလေး တစ်ယောက်လို မျက်လုံးမှိတ်ကာ ပြုံးနေသည်။

ငြိမ်းချမ်း တစ်ဖက်ကို ပြန်လှည့်လိုက်ပြီး နှာခေါင်းလေးကို တောက်လိုက်တော့ ရယ်နေသည်။

"ထမင်း စားဖို့ လာခေါ်တာလေ..."

"သား မရှိတာနဲ့ ကဲတာပဲနော်..သူ့သားကတော့ မသိရှာဘူး..ဒီကောင်ကို လူဆိုး ထင်နေတယ်.."

"အဟွင်း..ဟွင်း...ကိုချမ်း အလုပ်လုပ်နေတဲ့ပုံစံလေးကို ချစ်လို့ပါနော်..."

"အဲလောက် ချစ်တာလား.."

"အွင်း..."

"ကိုယ်ချစ်ဖို့လည်းထားပါဦးလား..အချစ်ခံနေရတာ ကောင်းပေမဲ့ ကိုယ်လည်း ပြန်ချစ်ချင်လို့ပါ.."

"အဟီး...အလုံးကပဲ ချစ်ပေးချင်တာ..."

"ဟား..ဟား...အချစ်ရူးမလေး...နောက်ကို ထားသွားဦးမှာလား.."

တွယ်နှောင်ရစ်ငင် Where stories live. Discover now