တွယ်နှောင်ရစ်ငင်
အပိုင်း(၂၈)
#တွယ်နှောင်ရစ်ငင်
11090647
"ပိုးချိတ်တွေ က အကောင်းတွေပါ....ညီမတို့ လိုချင်တဲ့ ဒီဇိုင်းလည်းရတယ်နော်...မြန်လည်း မြန်ပါတယ်.."
"ဟုတ်ကဲ့...ညီမတို့က အဲဒါတွေ သိပ်မသုံးဘူးလေ....မလုံးရယ်.."
"အမလေး...ဆိုင်ခွဲကြီးတွေ ဖွင့်ထားတာပဲ..တစ်ထည် နှစ်ထည် တင်ထားပေးတော့ ဘာဖြစ်မှာလဲလို့...တကယ်ပဲ...တစ်ကိုယ်လုံး ညွတ်နေတဲ့ စိန်တွေကို အားမနာပဲ ညီးနေတယ်တော်..."
"အဟွင်း...တကယ်ပါ...ပိုးချိတ် ဆိုလည်း ဒီမှာ ကြည့်ပါလား...နောက်ပိုင်း သိပ်မ၀တ်ကြတော့ဘူး...ခေတ်က ပြောင်းသွားတော့ လိုက်ပြောင်း၇တာပေါ့..."
"အစ်မ မှာ ငါးဆယ်လောက်တောင် ပုံနေပြီ....ကူညီပါ...ငါ့နှမရယ်.."
"ဟင်း...ကျွန်မ အသိတွေကို ပြောကြည့်မယ်လေ....သြော်...အစ်မကလည်း(... ...)ရွာဇာတိမလား.."
"အင်း..ဟုတ်တယ်...."
"ဒါဆို မအိရွှေစင်ကို သိလားဟင်..."
"အို...သိတာပေါ့...သူငယ်ချင်း အရင်းကြီးပါ.."
"သူက ခု အိအိ နာမည်နဲ့ ဒီဇိုင်နာ လုပ်နေတာ အတော်လေး အောင်မြင်တယ်...သူက တစ်လကို အနည်းဆုံးဆယ်စုံလောက် ချုပ်ပေးတယ်....သူ့ကို ပြောကြည့်ပါလား.."
"ဟယ်..ကျေးဇူးတင်လိုက်တာ...ပြောကြည့်ပါမယ်..."
"မလုံးနော်...ရောင်းရရင်တော့ မမေ့လေနဲ့...ကော်မရှင် ပေးရမယ်...သူ များဖောက်သည်ကို ပေးရတာနော်.."
'အမလေး..ဒီလို တိုက်ကြီးနဲ့ ယှဉ်လို့ရပါ့မလား..အစ်မလည်း လက်ထဲက လက်ကျန်ကုန်ရင် တော်ပြီလေ...မလုပ်တော့ဘူး.."
"အင်း...ပြောကြည့်ပေါ့...လိပ်စာတော့ ယူသွား.."
အလုံး လက်ထဲကို နီညှိရောင် လိပ်စာကဒ်လေး ပေးတော့ အားရ၀မ်းသာဖြင့် လှမ်းယူမိသည်။
အထည်တွေ မှာပြီး မယူလို့ လက်ကျန်ထည်တွေထဲမှာ ပိုးတွေကို အရင်ရောင်းထုတ်ရမည်။
YOU ARE READING
တွယ်နှောင်ရစ်ငင်
Romanceတွယ်နှောင်ရစ်ငင် "ကိုချမ်း...ကျိန်..." "ဟမ်..." "အလုံးက လွဲပြီး ဘယ်သူမှ မခင်ဘူးလို့ ကျိန်..." "ဘာလို့ ကျိန်ရမှာလဲ..မကျိန်ပါဘူး..ငါ ခင်ချင်တဲ့သူနဲ့ ခင်မှာပေါ့....နင့်ကိုလည်း ခင်တာပဲ..." "မရဘူး...ကျိန်..." "မကျိန်ဘူးဟာ....နောက်တစ်ခါ ထပ်ကျိန်ခိုင်းရင်...