တွယ်နှောင်ရစ်ငင်
အပိုင်း(၃၄)
#တွယ်နှောင်ရစ်ငင်
11121131
"အလုံး..."
"ဟင်..."
"ထားခဲ့ပါဦးကွာ...ကိုယ်ပြောစရာ ရှိလို့.."
သား ကျောင်းသွားတဲ့ နေ့မို့ ကိုချမ်းက မီးဖိုခန်းထဲကို ရောက်လာပြီး လက်ကို ဆွဲခေါ်သည်။
မီးဖိုခလုတ်ကို ကပျာကယာ ပိတ်ပြီး လက်သုတ်ဝတ်ကို ဆွဲယူကာ လိုက်သွားရတော့သည်။
အိမ်ရှေ့ခန်းက တစ်ခုတည်းသော ခုံမှာ ထိုင်လိုက်ပြီး အလုံးလက်ဆွဲတော့ လန့်ဖြတ်ကာ ကိုချမ်း ပေါင်ပေါ် ဘေးတစောင်း ထိုင်ကျသွားသည်။
"အို...ကိုချမ်းရဲ့ ပြုတ်ကျလိမ့်မယ်.."
"မကျပါဘူး....ကိုယ်နိုင်သားပဲ....ငြိမ်ငြိမ်နေကွာ...ကိုယ် ဘယ်လောက် လွမ်းလဲ သိလား.."
"အဟွင်း..."
"ရယ်မနေနဲ့...ကိုယ် ဆယ့်လေးနှစ်လောက်တုန်းကတောင် အလုံးကို တွေ့ဖို့ မကြောက်မလန့် တောထဲ လာတွေ့ရဲတယ်...ခုတော့ မောင်မောင် ကို ကြောက်ရတယ်..."
"သား က အဲလိုပဲ...သ၀န်တိုနေတာပါ...ဆိုးတာ မဟုတ်ပါဘူး.."
"ကိုယ်နားလည်ပါတယ်....ကိုယ်က သားသမီး မရနိုင်ပေမဲ့လည်း မောင်မောင့်ကို သားတစ်ယောက်လိုပဲချစ်နိုင်ပါတယ်...အင်း...ခုလည်း သူ့စိတ်ကို နားလည်တယ်....ဒါပေမဲ့ကွာ...သူက အရမ်းကြပ်တာ....ကိုယ်တို့ မြန်မြန် လက်ထပ်မှ ဖြစ်မယ်ထင်တယ်..."
"ဟင်..."
"ဒီလိုပဲ ကျောင်းသွားချိန်လေး ခိုးတွေ့နေရမှာလား...ကျောင်းဆင်းပြီး မိနစ်ပိုင်းအတွင်း အိမ်ပြန်ရောက်လာကောလေ...ကိုယ်ကလည်း မနက် ဆို မီတင်တွေ နဲ့ မအား...ညနေဆို ဆေးခန်း သွားရတော့ ဘယ်အချိန် တွေ့မှာလဲလို့.."
"ခု တွေ့တာပဲ ကိုချမ်းရဲ့..."
"အိုး..သုံးမိနစ်လောက်ပဲ တွေ့ရတာလေ....မနက်ဆိုလည်း မောင်မောင် ကျောင်းသွားချိန်နဲ့ ကိုယ် အလုပ်မသွားခင်ချိန်လေး တွေ့ရမလား မှတ်တယ်...အလုံး ဈေးက ပြန်လာတာပဲ မီးဖိုခန်းထဲမှာ လုပ်ကိုင် ချက်ပြုတ်နေတာ ဘယ်မှာ စကားကောင်းကောင်း ပြောရလို့လဲ...."

أنت تقرأ
တွယ်နှောင်ရစ်ငင်
عاطفيةတွယ်နှောင်ရစ်ငင် "ကိုချမ်း...ကျိန်..." "ဟမ်..." "အလုံးက လွဲပြီး ဘယ်သူမှ မခင်ဘူးလို့ ကျိန်..." "ဘာလို့ ကျိန်ရမှာလဲ..မကျိန်ပါဘူး..ငါ ခင်ချင်တဲ့သူနဲ့ ခင်မှာပေါ့....နင့်ကိုလည်း ခင်တာပဲ..." "မရဘူး...ကျိန်..." "မကျိန်ဘူးဟာ....နောက်တစ်ခါ ထပ်ကျိန်ခိုင်းရင်...