တွယ်နှောင်ရစ်ငင်
အပိုင်း(၅၆)
#တွယ်နှောင်ရစ်ငင်
01010643
"ဖေချမ်း...ဒီဘက်တိုးလေ.."
"ရတယ်..."
ငြိမ်းချမ်း ရတယ်သာ ပြောလိုက်ပေမဲ့ သားက တစ်ဖက်ကို တိုးကပ်နေပြီ..။
အလုံး နဲ့ သား ငယ်ငယ်လေးတုန်းက နေတဲ့ ရွာကို သွားမှာမို့ ပြည့်ကြပ်နေတဲ့ကားကို တိုးစီးရသည်။
သားဘေးမှာ ထိုင်နေပေမဲ့ အတင်းတိုးခိုင်းနေတော့ ဖြည်းဖြည်းရွေ့ရသည်။
ရွာမှာ ခြောက်ရက်တောင် ကြာသွားပေမဲ့လည်း အလုံးတို့ ပျော်နေတော့ စိတ်ချမ်းသာပါသည်။
ဆေးကုတယ်ဆိုပြီး နာမည်ကြီးသွားလို့ တစ်နေ့တစ်နေ့ လူနာကြည့်ပေးရတာနဲ့တင် အချိန်ကုန်လို့ ကုန်မှန်း မသိခဲ့..။
ထမင်းဟင်းလည်း အိမ်မှာ တောင် ချက်မစားရတော့ပဲ လာပို့သမျှတွေသာ စားခဲ့ရသည်။
"ဆရာ မပြန်ခင် ရွာဝင်ဦးနော်...အပြန်လက်ဆောင် ထည့်ပေးချင်လို့.."
"ဟုတ်တယ်..နားနားနေနေ တစ်ည နှစ်ည ထပ်နေပြီးမှ ပြန်ပေါ့ ဆရာရဲ့.."
"မိလုံး...ညည်းနော်...ဆရာ ကို ပြန်ခေါ်လာခဲ့ ကြားလား.."
သားနဲ့ အလုံး မျက်နှာဖြင့် ရွာကို ရောက်လာခဲ့ရပေမဲ့ ခုကျတော့ ငြိမ်းချမ်းက ရွာသား ဖြစ်သွားသည်။
ရွာမှာ ခြောက်ရက်နေခဲ့ပေမဲ့လည်း ကိုရွှေနဲ့သားရဲ့ ရင်းနှီးမှုကို သေချာ မသိခဲ့ရတာ နစ်နာသည်။
"ဖေချမ်း...စိတ်ညစ်နေပြီမလား.."
"မညစ်ပါဘူးကွာ..."
"မောင်တို့က စီးနေကျပဲ...ဖေချမ်းကတော့ မစီးဖူးဘူးလေ.."
"စီးတက်ပါတယ်.."
ကားထဲမှာလူကြပ်နေတာကို မောင်မောင် က ခဏခဏ မေးနေသေးသည်။
ရွာမှာလည်း လူများ အမြင်ကပ်လောက်အောင်ကို အဖေ့ကို ကြွားလွန်းလို့ စိတ်ညစ်ခဲ့ရသည်။
အဖေက ဒီဟာမျိုး မစားတက်ဘူး...ဒီလို မနေတက်ဘူး..ဒီလို မလုပ်တက်ဘူးချည်းပဲ ဆိုတော့ ကိုယ်က ဘယ်ကမ္ဘာက ရောက်သွားတာမို့လို့လဲ မသိ..။
YOU ARE READING
တွယ်နှောင်ရစ်ငင်
Romanceတွယ်နှောင်ရစ်ငင် "ကိုချမ်း...ကျိန်..." "ဟမ်..." "အလုံးက လွဲပြီး ဘယ်သူမှ မခင်ဘူးလို့ ကျိန်..." "ဘာလို့ ကျိန်ရမှာလဲ..မကျိန်ပါဘူး..ငါ ခင်ချင်တဲ့သူနဲ့ ခင်မှာပေါ့....နင့်ကိုလည်း ခင်တာပဲ..." "မရဘူး...ကျိန်..." "မကျိန်ဘူးဟာ....နောက်တစ်ခါ ထပ်ကျိန်ခိုင်းရင်...