[U]
||4||
....
အသားရောင်အိပ်ယာထပ်မှာ..မာမားအာဖြေညှင်းစွာ လှဲနိုင်ရန်..ကျန်းရီရှင်းက တစ်ဖက်မှ ထိန်းကိုင်ပေးထားသည်..
ဂျွန်မြောင်က..ကျန်းရီရှင်းသည် သူ့၏မာမားအား..ကူညီပေးနေမှန်းသိသော်လည်း..နီးကပ်စွာရှိနေရခြင်းအား..လွန်စွာစိတ်ပျက်နေခဲ့သည်..'မြောင်လေးရဲ့ပါပါး နောက်ကျမယ်ဆိုလို့ မားက အရင်ပြန်နှင့်မယ်ပေါ့..ဆိုင်သိမ်းနေတုန်းမှာ လှဲကျသွားတာ..'
'ဆိုင်မှာ ဘယ်သူမရှိတော့ဘူးလား မာမား'
ဂျွန်မြောင်က မျက်မှောင်လေးကျုံ့ကာ..သူ၏မာမားအား မေးလို့နေသည်..
'လုလုလေးရှိတယ် ဒါပေမဲ့ သူမလည်း ရုတ်တရက် ဆိုတော့လန့်သွားတယ်ထင်တယ်..ဆိုင်ရှေ့က ဖြတ်တဲ့ ဒီလူငယ်လေးကတွေ့ပြီး..မာမားကိုပဲ ဆေးရုံပို့ပေးဘာညာ အကုန်လုပ်ပေးတာ..လုလုလေးကတော့ ဆေးရုံအထိလိုက်လာပေမဲ့ အရေးကြီးကိစ္စပေါ်လာလို့ ပြန်ပြေးသွားရတယ်လေ...'
'ကောင်းပါပြီ..မာမား စကားတွေအများကြီးမပြောနဲ့တော့ ပင်ပန်းမယ်နော်...'
'ဟုတ်ပါပြီကွယ်..ဒါဆိုလည်း ဒီလူငယ်လေးကို တစ်ခုခု ဧည့်ခံ လိုက်ပါအုန်း..သားလေးကိုလည်း ကျေးဇူးတင်ပါတယ်ကွယ်..ဒါ အန်တီသားလေးလေ...'
'ဟုတ် တွေ့ဖူးပါတယ်..ကျွန်တော်တို့က တစ်ကျောင်းထဲမှာ တက်နေကြပါ..'
မာမားနဲ့ ကျန်းရီရှင်းရဲ့ ရယ်ရယ်မောမော စကားဝိုင်းကို..ဂျွန်မြောင်က မျက်နှာသေနဲ့
သာ..ထိုင်ပြီးနားထောင်လို့နေသည်..'ကောင်းပြီ...ဒါဆို တနင်္ဂနွေ နေ့ညရင် ကြိမ်သေး ထမင်းလာစားရမယ်နော်..'
'ဟုတ်ကဲ့ပါ..အန်တီ၊အန်တီ နားလိုက်ပါအုန်း..ကျွန်တော်အနှောက်အယှက်ပေးမိပါပြီ...'
'မဟုတ်တာကွယ်..ကျောင်းမှာလဲ ဂျွန်မြောင်လေးကို စောင့်ရှောက်ပေးပါအုန်းကွယ်...'
ဂျွန်မြောင်က..မာမားစကားအား အလျင်အမြန်ပင် ကန့်ကွတ်သည်..
'မာမား..သားက ကလေးမဟုတ်တော့ပါဘူး..ကိုယ့်ကိုယ်စောင့်ရှောက်နိုင်ပါတယ်..'
YOU ARE READING
I love you million more than I can say[ Rebirth](Completed)
Fanfiction[U] သူပြန်လည်မွေးဖွားခဲ့တယ်..နာကျင်ခြင်း၊မျှော်လင့်ချက်မဲ့ခြင်း၊မုန်းတီးခြင်း၊စွန့်ပြစ်ခံရခြင်း၊ရွေးချယ်မခံရခြင်း၊နောင်တတရားများစွာဖြင့်.. အရာအားလုံးကို ၁ကပြန်လည်စတင်ချိန်မှာ ဒီလမ်းမှားကို သူဘယ်တော့မှထပ်ပြီး လျှောက်မှာမဟုတ်ဘူးလို့ ဆုံးဖြတ်ခဲ့တယ်.. သ...