Extra 4

1K 90 22
                                    

[U]

extra - 4

ကိုယ် လူတစ်ယောက်ကို ဒီလောက်အထိ ဘယ်တုန်းကမှ သဘောမကျခဲ့ဖူးဘူး။
မင်းကသဘောမကျတော့ရင်တောင် ကိုယ်ကတော့မင်းကို သဘောကျနေအုန်းမှာပါပဲ။
မင်းက ကိုယ့်ကို မသိခင်ကတည်းက ကိုယ်ကမင်းကို သဘောကျနေခဲ့ရတာဖြစ်နေလို့ပါ။

ရက်တွေလစား၊လတွေနှစ်စားပြီး အချိန်တွေကြာလာတဲ့အခါ ကိုယ်မင်းကို မေ့သွားလောက်မယ်လို့ ထင်ခဲ့တယ်။ကိုယ်မသိခဲ့ဘူး မင်းက ကိုယ့်ရင်ရဲ့ အနက်ရှိုင်းဆုံးမှာ အမြစ်တွယ်နေခဲ့တာပဲ။

ချစ်ခွင့်မရှိဘူးဆိုရင်လည်း ၊ မင်းအနားကို လာခွင့်မရှိလည်း အဝေးကနေ မင်းကိုကြည့်ပြီး ချစ်နေပါ့မယ်။ပွေ့ဖတ်ခွင့်မရလည်း၊ ဖွင့်ဟခွင့်မရှိလည်း ကံကြမ္မာအလိုကျ ကိုယ်က ငေးကြည့်နေရင်းကျေနပ်ပါ့မယ်။

ကိုယ်က မင်းကို ငေးကြည့်နေခဲ့သလိုပဲ၊သူကလည်း ကိုယ့်ကို မျှော်လင့်နေခဲ့တယ်။မပေးနိုင်တဲ့ ကိုယ့်အချစ်တွေကို မတောင်းဆိုခဲ့ပဲ တိတ်တိတ်ကလေးချစ်ပေးနေတဲ့ သူက ကိုယ့်ရဲ့ကိုယ်ပွားများလား။

အမြဲတမ်း နောက်ကွယ်က ကာကွယ်ပေးနေခဲ့တဲ့ ထိုသူက ယခုတော့ သူ့ရှေ့ကို ထွက်ပေါ်လာခဲ့လေပြီ။

မတိုင်ခင်က ကားလမ်းချော်လာသည့် ကားတစ်စီးအား သူ့ကိုမတိုက်မိခင်မှာတင် ချောင်ကုလင်က သူ့အားတွန်းထုတ်ကာ ကယ်တင်ခဲ့သည်။ထိုကား အချိန်မှီရပ်တန့်သွားခဲ့တာ မဟုတ်ရင် ချောင်ကုလင်က ထိုနေရာမှာတင် သေဆုံးသွားနိုင်သည်။

ပွန်းပဲ့ဒဏ်ရာအချို့နဲ့ လက်တစ်ဖက်ပတ်တီးစည်းထားသည့် ချောင်ကုလင်က အဆူခံရတော့မည့်ကလေးငယ်လို သူ့အားအကြည့်လွှဲလို့ထားသည်။

'ဘာလို့ ဒီလိုလုပ်တာလည်း၊ခင်ဗျားသေသွားနိုင်တယ်ဆိုတာမသိဘူးလား....'

'ငါက ဒီအတိုင်း...ဟို ငယ်ငယ်ကတည်းက လူစွမ်းကောင်းကားတွေဆိုရင် သိပ်ကြိုက်တာလေ..ကိုယ့်ရှေ့မှာမြင်ရင် ကယ်တင်ချင်နေရော ဟားဟား....'

သူ့စကားအား လိုက်မရယ်သည့် ဝေ့ရှန်းဖုန်း ကြောင့် ချောင်ကုလင်က ချောင်းအသာဟမ့်ကာ ရပ်လိုက်သည်။

I love you million more than I can say[ Rebirth](Completed)Where stories live. Discover now