[U]
18
.....
ရင်ခုန်တက်စ ငယ်ဘဝမှာ ချစ်တဲ့စိတ်တစ်ခုသာရှိခဲ့သည်။ငယ်ရွယ်စဥ်မှာ အချစ်က အိမ်မက်လို၊တောင်းစုပြည့် ဆုလာဘ်တစ်ခုလိုဖြစ်ခဲ့သည်။
ရုပ်ရှင်ပြကွက်တစ်ခုလို အရာအားလုံးက ရှင်းရှင်းလင်းလင်း မြင်ရတုန်းပင်။ရင်ထဲက အချစ်စစ်အကြောင်းကို မင်းသိမယ်ထင်ခဲ့လို့၊ကျွန်တော့်ရဲ့ အချစ်စစ်ကို တစ်နေ့တော့ ခင်ဗျားမြင်နိုင်မယ်ထင်ခဲ့လို့။တစ်နေ့တော့ ခင်ဗျားကြင်နာမယ်ထင်ခဲ့လို့၊ငယ်ရွယ်စဥ် အိပ်မက်အားလုံးကို စွန့်ပြစ်ပြီး ခင်ဗျားကို အရူးတစ်ယောက်လို ရွေးခဲ့မိတယ်။ခင်ဗျား ချစ်တက်မယ်လို့ ထင်သလို၊ ခင်ဗျားက တစ်နေ့တော့ တစ်ကယ် ချစ်လာခဲ့ပေမဲ့၊ အဲ့ဒီအချစ်က ကျွန်တော်မဟုတ်တဲ့ အခြားတစ်ယောက်အတွက် ဖြစ်ခဲ့တယ်။
ခင်ဗျားက ကျွန်တော် ဘယ်လောက်နာကျင်ရမှကျေနပ်နိုင်မလဲ။ကျွန်တော့်အချစ်ကို ဘယ်လောက်အထိ နင်းချေရမှ ပျော်မွေ့နိုင်မှာလဲ။အနိုင်၊အရှုံးအတွက် သဘောကျဟန်ဆောင်တယ်၊ကျွန်တော့်ဘက် မကြည့်ပါပဲ လူအလည်မှာ အရှက်ရအောင်နမ်းခဲ့သေးတယ်။သူ့မှာ ငိုစရာမျက်ရည်များ မကျန်ဘူးလို့ ထင်ခဲ့တာ၊မဟုတ်ခဲ့ဘူးပဲ။
နေ့လည်က ရေခဲမုန့်ဝယ်ကျွေးမည်ဟု ဆိုကာ မမလုလုက သူ့အား တစ်ယောက်ထဲ ဆိုင်မှခေါ်ထုတ်သွားခဲ့သည်။မနက်က အဖြစ်အပျက်ကြောင့် ဂျွန်မြောင် မျက်နှာမကောင်းတာကို သူက ရိပ်မိပုံပင်။
'ဂျွန်မြောင်လေး....မနက်က စီနီယာနဲ့က အဆင်မပြေဘူးလား...'
ဂျွန်မြောင်က ရေခဲမုန့် ငုံ့စားနေရင်းကနေ ခေါင်းခါပြသည်။စုလုဝမ်က သက်ပြင်းအသာချသည်။
'ဂျွန်မြောင်လေး တစ်ကယ်တော့လေ မမက....ဟင်း...ဘာမှမဟုတ်တော့ဘူး...'
စကားစပြီးမှ ပြန်သိမ်းသွားသည့် စုလုဝမ်း ကို ဂျွန်မြောင် မော့ကြည့်လိုက်သည်။
'ပြောစရာရှိလို့လား..မမလုလု ပြောလေ..'
ဂျွန်မြောင်က လမ်းဖွင့်ပေးလိုက်သော်လည်း စုလုဝမ်က ခေါင်းခါပြီး ဘာမှပြန်မပြောတော့ပေ။
စုလုဝမ်နဲ့ ရေခဲမုန့်စားပြီး ပြန်လာချိန်မှာတော့ ဂျွန်မြောင် စိတ်အခြေအနေ အနည်းငယ် သက်သာသွားပြီဖြစ်သည်။အိမ်ရောက်လို့ ရေချိုးပြီးနောက်တွင် လိုင်း ပေါ်ကနေ ဘတ်ခ်ဟျွန်းတို့နဲ့အတူ ဂိမ်းဆော့နေလိုက်သည်။
YOU ARE READING
I love you million more than I can say[ Rebirth](Completed)
Fanfiction[U] သူပြန်လည်မွေးဖွားခဲ့တယ်..နာကျင်ခြင်း၊မျှော်လင့်ချက်မဲ့ခြင်း၊မုန်းတီးခြင်း၊စွန့်ပြစ်ခံရခြင်း၊ရွေးချယ်မခံရခြင်း၊နောင်တတရားများစွာဖြင့်.. အရာအားလုံးကို ၁ကပြန်လည်စတင်ချိန်မှာ ဒီလမ်းမှားကို သူဘယ်တော့မှထပ်ပြီး လျှောက်မှာမဟုတ်ဘူးလို့ ဆုံးဖြတ်ခဲ့တယ်.. သ...