[U]
22
.....
ဂျွန်မြောင်က မူးနောက်နေတဲ့ ဦးခေါင်းကို ကိုင်ပြီးနိုးထလို့လာသည်။မနေ့က ဂျောင်ဆူး ထွက်သွားတဲ့အထိသာ သူမှတ်မိတော့သည်။
အား...သူအိမ်ကို ဘယ်လိုပြန်ရောက်လာတာပါလိမ့်။
အိပ်ယာဘေးက ဖုန်းကို ဖွင့်ကြည့်လိုက်ချိန်မှာ mail တစ်စောင်ရောက်လို့နေသည်။
'သွားပြီ..သွားပြီ..မဟုတ်ဘူး မသွားဘူး..ဟမ် အခုဘယ်ချိန်လည်း သွားပါပြီ..ပထမဆုံးရုံးတက်ရက်မှာ နောက်ကျတော့မှာပဲ..'
မနေ့ညက ဝင်ထားတဲ့ အလုပ်ခန့်စာအား ကြည့်ပြီးနောက်မှာ၊ဂျွန်မြောင့် အခန်းလေး လေမုန်တိုင်းတိုက်သလို ဝုန်းဒိုင်းကျဲသွားသည်။
၁၀မိနစ်ထဲနဲ့ ပြင်ဆင်လိုက်ပြီး၊ဂျွန်မြောင် က အောက်ကို ပြေးဆင်းလာသည်။'မာမား မြောင်လေး အလုပ်ရလို့ အလုပ်သွားရတော့မယ်..နောက်ကျနေပြီ ဘိုင့်ဘိုင့်...'
ဂျွန်မြောင်က အိမ်ပေါ်ထပ်ကနေ ၊ အိမ်ပြင်ထိ ပြေးဆင်းသွားပြီး၊အခုချိန် မနက်စာလုပ်ရင်း အလုပ်များနေမည့် မာမားကို လှမ်းအော်ကာ ပြေးထွက်လာခဲ့တော့သည်။အနောက်က လှမ်းအော်နေတဲ့ မာမားရဲ့ မသဲမကွဲစကားတွေကိုလည်း သူကြားလိုက်ရသည်။
ရုံးသွားချိန်ဖြစ်တာကြောင့် bus ပေါ်မှာ လူများ ပြည့်ကျပ်လို့နေသည်။နောက်နေ့ဆို စောစောထပြီး မြေအောက်ရထားစီးဖို့ ဂျွန်မြောင် ဆုံးဖြတ်လိုက်သည်။ကြီးမားပြီး ထည်ဝါသည့် အဆောက်အဦးကြီးရှေ့မှာ ဂျွန်မြောင် ရပ်လိုက်သည်။မကြာသေးခင်က အင်အားကြီးမားလာတဲ့ ဒီဆောက်လုပ်ရေး ကုမ္မဏီက လခများပြီး၊ဝန်ထမ်းတွေအပေါ် မျှတမှုရှိသည်ဟု နာမည်ကြီးတာကြောင့် ဂျွန်မြောင်က ဒီမှာ လျှောက်ဖြစ်ခဲ့တာဖြစ်သည်။
'ဒီမှာဗျ...ကျွန်တော်က ဒီနေ့မှ အလုပ်ခန့်လိုက်တဲ့ လက်ထောက်အသစ်ဂင်ဂျွန်မြောင်ပါ....'
ကောင်တာက မိန်းကလေးက သူ့ကို တစ်ချက်ကြည့်ပြီး၊ ဖုန်းဆက် အတည်ပြုကာ သူ့ကို ဂိတ်က ဖြတ်လို့ အပေါ်ထပ်သို့တက်သည့် ဓာတ်လှေကားရှိရာသို့ လိုက်ပို့ပေးသည်။
ESTÁS LEYENDO
I love you million more than I can say[ Rebirth](Completed)
Fanfic[U] သူပြန်လည်မွေးဖွားခဲ့တယ်..နာကျင်ခြင်း၊မျှော်လင့်ချက်မဲ့ခြင်း၊မုန်းတီးခြင်း၊စွန့်ပြစ်ခံရခြင်း၊ရွေးချယ်မခံရခြင်း၊နောင်တတရားများစွာဖြင့်.. အရာအားလုံးကို ၁ကပြန်လည်စတင်ချိန်မှာ ဒီလမ်းမှားကို သူဘယ်တော့မှထပ်ပြီး လျှောက်မှာမဟုတ်ဘူးလို့ ဆုံးဖြတ်ခဲ့တယ်.. သ...