||23||

1.1K 148 28
                                    

[U]

23

.....

ထမင်းစားနေတဲ့ တောက်လျှောက်မှာ ဂျွန်မြောင်က တိတ်ဆိတ် ငြိမ်သက်နေသည်။တစ်ဖက်လူရဲ့ မျက်နှာကိုလည်း သူထပ်မကြည့်တော့ဘူး။ဘာကြောင့်များ အကြာကြီးနေမှ ခင်ဗျားက ပြန်ပေါ်လာရတာလည်း။

'မြောင်လေးက ရီရှင်းလေးကို ကားနားထိ လိုက်ပို့ပေးလိုက်လေ...'

တစ်ကယ်တော့ အိမ်ကနေ ခြံအဝမှာ ရပ်ထားတဲ့ အနက်ရောင်ကားနားအထိက သိပ်မဝေးဘူး။ဒါပေမဲ့ ဂျွန်​မြောင် သူ့ပါးကို ခေါင်းငြိမ့်ပြပြီး၊ထိုလူကို ဦးဆောင်ကာ ထွက်လာခဲ့တယ်။ခါတိုင်းဆိုတိုတဲ့လမ်းက အခုတော့ အတော့်ကိုရှည်လျားနေသလိုပဲ။နှစ်ယောက်လုံးက တိတ်ဆိတ်နေသည်။

'ကောင်းကောင်းသွားပါ...'

ဂျွန်မြောင်က ခြံဝရောက်ချိန်မှာ ထိုသူကို နှုတ်ဆက်ပြီး၊ လှည့်ထွက်လာသည်။ခပ်လှမ်းလှမ်းအရောက်မှာ ထိုသူရဲ့ စကားသံတိုးတိုးကို ကြားလိုက်ရသည်။

'ကိုယ် မင်းကို လွမ်းနေခဲ့တာ...'

'ဒီလိုစကားမျိုးတွေ ပြောနေတာ ရပ်လိုက်ပါတော့ ခင်ဗျားပြောသမျှ အားလုံးက အလိမ်အညာတွေကြီးပဲ..'

ဂျွန်မြောင် ထိုသူကို ထားရစ်ခဲ့ခါ ဆက်လျှောက်လာခဲ့သည်။ပါပါးတို့ကို သူပင်ပန်းနေသည်ဆိုကာ အိပ်ခန်းထဲသို့ တက်လာခဲ့လိုက်သည်။
ထိန်းချုပ်ထားခဲ့ရသည့် သူ့မျက်ရည်များက
သူ၏ပါးပြင်ပေါ်သို့ ပူနွေးစွာ စီးကျလာသည်။

ဒီအတိုင်းပစ်ထားလိုက်ရင် တစ်နေ့တော့ မေ့ပျောက်သွားမှာပဲ မဟုတ်ဘူးလား။

မေ့ပျောက်ဖို့ကြိုးစားလေ ပိုသတိရလေလေပါပဲ။

အရင်က ခင်ဗျားကိုပဲ အရိပ်တကြည့်ကြည့်နဲ့ကြည့်နေမိခဲ့ပေမဲ့ ၊ခင်ဗျားက စဖြတ်စီးခဲ့တော့ အရာအားလုံးက အဓိပ္ပါယ်မဲ့သွားခဲ့ရတယ်။
စုံလုံးကမ်းပြီး ခင်ဗျားတစ်ယောက်ထဲကိုပဲ ကြည့်နေခဲ့မိတဲ့ နှစ်တွေမှာ၊အခြားတစ်ယောက်မြင်တဲ့ ဘက်ကို မမြင်နိုင်ခဲ့ဘူး။

နောက်တစ်နေ့မှာတော့ မို့အစ်နေတဲ့ မျက်ဝန်းတွေနဲ့ ဂျွန်မြောင်က ကုမ္မဏီကို သွားခဲ့ရသည်။မာမားရဲ့ စိုးရိမ်နေသည့် အမေးများကို ဇာတ်ကားကြည့်ခဲ့သောကြောင့်ဟုသာ သူလိမ်ညာခဲ့သည်။

I love you million more than I can say[ Rebirth](Completed)Where stories live. Discover now