||35||

1.1K 122 54
                                    

[U]

35

.....

နှစ်တွေအကြာကြီး အဆက်အသွယ်ဖြတ်ထားခဲ့တဲ့ မိခင်ဆိုသူက တစ်နေ့မှာတော့ ပြန်လည်ပေါ်လာခဲ့တယ်။သူ့ရဲ့ ဒုတိယအိမ်ထောင်ဖက်နဲ့ သားသမီးမထွန်းကားတဲ့အခါမှာ ဒုတိယအိမ်ထောင်ဖက်နဲ့ တိုင်ပင်ဆွေးနွေးပြီး၊သူ့ရဲ့ သားငယ်ကို ပြန်လည်ဆက်သွယ်ကာ ထိန်းချုပ်ပြီး၊ ဒုတိယအမျိုးသားရဲ့ အာဏာကြီးမားတဲ့ ဂိုဏ်းကြီးကို လက်လွှဲယူစေကာ ရုပ်သေးရုပ်ဖြစ်စေချင်ခဲ့သည်။

သူ့ရဲ့သားက သူ့ကို အလွယ်တကူပဲ ပြန်လက်ခံခဲ့တယ်။အချိန်ကြာမြင့်စွာ ပြစ်ထားခဲ့ခြင်းကြောင့် စိတ်နာမည်ဟု ထင်ခဲ့တဲ့ သားငယ်က ယခုလို အလွယ်တကူလက်ခံသည်က သူ့အတွက်တော့ လွယ်ကူနေခဲ့သည်။

အစီအစဥ်တွေ ချမှတ်ထားတဲ့ ကျန်းရီရှင်းရဲ့ မာမားက ပထမအိမ်ထောင်ရဲ့ ငွေမက်လွန်းသည့် ဒုတိယမယားဖြစ်သူကို ထိန်းချုပ်ပြီး၊ ထိုဒုတိယမယားရဲ့ သမီးကို သူ့ရဲ့သားနဲ့ ပေးစားဖို့ ကြံစည်လာပြန်တယ်။အရာအားလုံးက သူ့လက်ခုပ်ထဲက ရေပဲ။

သို့ပေမဲ့ ဘယ်သူသိခဲ့မှာလဲ ကျန်းရီရှင်းက ကောင်လေးတစ်ယောက်နဲ့ လက်ထပ်ပြီးခဲ့မယ်လို့လေ၊ကံကောင်းသည်က ထိုကောင်လေးကို ကျန်းရီရှင်းက မချစ်ပဲ အပျော်ဖြစ်ကြောင်း၊မကြာခင် ဇာတ်လမ်းဖြတ်မည်ဖြစ်ကြောင်း အသိပေးလာတယ်။မဟုတ်ရင်လည်း သူက ထိုကောင်လေးကို ပျောက်ကွယ်သွားအောင် လုပ်ပြစ်လိုက်ယုံသာ။

ကျန်းရီရှင်းက သူ့မာမားရဲ့ အကြံအစည်တွေကို ဘဝတစ်ခုလုံးစာမှာ သိလာခဲ့ရပြီးပြီဖြစ်သည်။သူက ဂျွန်မြောင်အား ကာကွယ်လေ၊ထိခိုက်လေ ဖြစ်လိမ့်မည်။အပျော်သဘောဟုဆိုကာ အဝေးကို ပို့လိုက်ကာမှ ဂျွန်မြောင်အား အလေးမထားတော့ခြင်းဖြစ်သည်။အရင်ဘဝက ဂျွန်မြောင်ကိုကျရောက်လာမဲ့ အန္တာရယ် တိုင်းကို ရီရှင်းက ကိုယ်စားခံယူခဲ့သော်လည်း သူသတိမထားလိုက်မိခင်မှာပဲ ဂျွန်မြောင်ရဲ့ ခြေထောက်တွေကို ထိခိုက်ခဲ့မိပြီး။သူ့ကြောင့် ယူဆခဲ့ပြီး ဂျွန်မြောင်က သူ့ကို မုန်းခဲ့အုန်းမည်ထင်သည်။ဒီဘဝတော့ ဘာမတော်တဆမှုမှ မရှိစေချင်ပါ။

I love you million more than I can say[ Rebirth](Completed)Where stories live. Discover now