[U]
10
....
ဂိမ်းကစားပြီး ပြန်လာတဲ့ ဂျွန်မြောင်က တစ်ဖက်လမ်းကို ကူးဖို့ပြင်ချိန်မှာ တစ်ဖက်လမ်းက သူ့ကိုရပ်ကြည့်နေတဲ့ ရင်းနှီးတဲ့ ပုံရိပ်ကြောင့် ခြေစုံရပ်လိုက်မိတယ်..
မနေ့ညက မက်ခဲ့တဲ့ အိမ်မက်တွေက အတိတ်က သူ့ရဲ့နာကျင်မှုတွေကို လက်တွေ့ဆန်ဆန်ပြန်လည်နိုးကြားလာစေတယ်..
ဒီရက်တွေမှာ သူကသိပ်ပြီး လိုက်လျောနေခဲ့မိတယ် ထင်ပါသည်..တစ်ဖက်ထဲလွယ်ထားတဲ့ ကျောပိုးအိတ်လေးကို ပုခုံးကြိုးမှ ခပ်တင်းတင်းဆွဲဆုတ်လိုက်ပြီး နဂိုရည်ရွယ်ထားသည့် လမ်းအား ဆန့်ကျင်လျက် လှည့်လိုက်ပြီး ခြေလှမ်းတို့ကို မြန်လိုက်မိသည်..
ဦးတည်ချက်မရှိတဲ့ သူ့ခြေလှမ်းတွေနောက်ကနေပြီး သိပ်မကြာခင်မှာပဲ ရင်းနှီးတဲ့ခြေသံက အသံကျယ်ကျယ်နဲ့နီးကပ်လို့လာတယ်..
အနားရောက်လာသူက ဂျွန်မြောင်လက်ကို လှမ်းဆွဲလိုက်ပေမဲ့ စကားပြောနိုင်ဖို့ခက်ခဲနေပြီး၊ မောဟိုက်မှုကြောင့် အသက်ဝဝရှူနေရတယ်..'ဘာလို့လဲ..ဘာလို့ထွက်ပြေးသွားတာလဲ ကို့ကို တွေ့လို့လား...´
ဂျွန်မြောင်က မငြင်းဘူး၊ ဝန်လည်းမခံဘူး..
ခပ်တင်းတင်းဆုတ်ကိုင်ထားတဲ့ သူ့လက်ကောက်ဝတ်က အဲ့ဒီဖြူဖြူသွယ်သွယ်
လက်ချောင်းတွေကိုပဲ စိုက်ကြည့်နေခဲ့မိတယ်..ဘယ်လောက်ကြာကြာဖမ်းဆုတ်ထားမှာပဲ..
ဂျွန်မြောင်က ကိုယ်တိုင်ပဲ စိတ်ထဲလှောင်ပြောင်လိုက်မိတယ်...မတွေ့ရတဲ့ ရက်တွေကို ရည်တွက်ပြီး၊ အထီးမကျန်အောင်ကြိုးစားနေခဲ့လည်း အချိန်တန်ပြန်လာတော့လည်း ပထမဆုံးတွေ့ဆုံသူက သူ
မဟုတ်ခဲ့ဖူးမဟုတ်လား..
ပြန်လာလို့ နွေးထွေးစွာ ပွေ့ဖတ်ပေးဖို့မျှော်လင့်ခဲ့လည်း ဥပေက္ခာပြုခြင်းပဲ ပြန်ရခဲ့တယ် မဟုတ်ဘူးလား..တွဲလက်တွေက ဘယ်လောက်ထိ မြဲခဲ့ပါသလဲ..
တစ်ဖက်သက်ဆွဲခဲ့တာကြောင့် ဖြစ်ပါလိမ့်မယ်..ပထမဘဝက အဖြစ်အပျက်တွေက ဂျွန်မြောင်အတွက် အခုထိ နာကျင်ဖွယ် လက်ဆက်နေတုန်းပါပဲ..
YOU ARE READING
I love you million more than I can say[ Rebirth](Completed)
Fanfiction[U] သူပြန်လည်မွေးဖွားခဲ့တယ်..နာကျင်ခြင်း၊မျှော်လင့်ချက်မဲ့ခြင်း၊မုန်းတီးခြင်း၊စွန့်ပြစ်ခံရခြင်း၊ရွေးချယ်မခံရခြင်း၊နောင်တတရားများစွာဖြင့်.. အရာအားလုံးကို ၁ကပြန်လည်စတင်ချိန်မှာ ဒီလမ်းမှားကို သူဘယ်တော့မှထပ်ပြီး လျှောက်မှာမဟုတ်ဘူးလို့ ဆုံးဖြတ်ခဲ့တယ်.. သ...