[U]
25
.....
ရင်းနှီးကျွမ်းဝင်နေသည့် အိမ်တော်တစ်ခုသို့ ဂျွန်မြောင်က ထပ်ရောက်နေပြန်ပြီဖြစ်သည်။အဲ့ဒီတုန်းက ခံစားခဲ့ရတဲ့ နာကျင်ခြင်းတွေအားလုံးက အသစ်လိုပဲ သူ့နှလုံးသား အောက်ခြေကနေ ပြန်လည်တိုးထွက်လာသည်။အေးစက်ကာ၊ တိတ်ဆိတ်နေသည့် အိမ်ကြီးထဲတွင် သူက လူတစ်ယောက်ကို အမြဲတမ်း စောင့်မျှော်နေခဲ့ရသည်။ပြနလာပါ့မလားမသိတဲ့လူ၊သူ့အား ဘယ်တုန်းကမှ မချစ်ခဲ့သည့် လူတစ်ယောက်။
အရာရာကို ရုန်းထွက်ပြီး၊ ပြန်လည်မွေးဖွားလာချိန်မှာ အနာဂတ်ကို ပြောင်းလဲမယ်လို့ ဟစ်ကြွေးခဲ့သည့်သူက ယခုတော့ ဒီအိမ်ကြီးထဲကို နောက်တစ်ကြိမ် ခြေချမိပြန်ပြီဖြစ်သည်။
'သခင်လေး...ဘာသောက်ချင်လည်း အဒေါ်ကြီး ယူပေးမယ်လေ'
အရင်ဘဝက မမြင်ခဲ့ဖူးတဲ့ ဒီအိမ်တော်ထိန်း အန်တီကြီးက အသက်ကြီးပြီး၊သဘောကောင်းပုံပေါ်သည်။
'ကော်ဖီပူပူလေး တစ်ခွက်လောက် ယူခဲ့ပေးပါ အန်တီ...'
အရင်ဘဝကလိုပဲ ခန်းနားကြီးကျယ်တဲ့ မဂ်လာပွဲမရှိဘူး။အရင်ဘဝကလိုပဲ ကျန်းရီးရှင်းက သူ့ကို လူတွေအမြင်မှာ သက်ဆိုင်သူလို့ ခေါင်းစဥ်တပ်မပြချင်ခဲ့ပြန်ဘူး။စာချုပ်တစ်ခုပေါ်က ရိုးရှင်းတဲ့ လက်မှတ်နှစ်ခု၊သတ်မှတ်သည့် အချိန်ပြည့်လျှင် ပြန်လည်ကွာရှင်းခွင့်ရှိသည် ဆိုသည့် သူမသိသော အချက်အလက်။အရာရာတိုင်းက ကျန်းရီရှင်းရဲ့ သဘောကျအတိုင်းပဲ။
'သခင်လေး...ပျင်းရင် အပြင်ထွက်ကြည့်လို့ ရပါတယ်...'
ဂျွန်မြောင်က အတွေးလွန်နေလို့ အေးစက်သွားတဲ့ ကော်ဖီခွက်ကို ဒီအတိုင်းထားခဲ့ပြီး၊ အိမ်တော်ထိန်း ဦးဆောင်ကာ လိုက်ပို့သည့် ခြံထဲကို လျှောက်လာခဲ့သည်။အရင်ဘဝက ပတ်ဝန်းကျင်တောင် သတိမထားမိသည့်သူက ယခုမှ ကျယ်ဝန်းသည့် ခြံအကျယ်ကို သတိထားမိသည်။ခပ်လှမ်းတွင် သူ့အား စောင့်ကြည့်နေသည့် သက်တော်စောင့်များစွာအား သူတွေ့လိုက်မိသည်။
'သခင်လေး...ခြံတောင်ဖက်က ပန်းခင်းတွေကို ကြည့်ချင်ပါသလား...'
YOU ARE READING
I love you million more than I can say[ Rebirth](Completed)
Fanfiction[U] သူပြန်လည်မွေးဖွားခဲ့တယ်..နာကျင်ခြင်း၊မျှော်လင့်ချက်မဲ့ခြင်း၊မုန်းတီးခြင်း၊စွန့်ပြစ်ခံရခြင်း၊ရွေးချယ်မခံရခြင်း၊နောင်တတရားများစွာဖြင့်.. အရာအားလုံးကို ၁ကပြန်လည်စတင်ချိန်မှာ ဒီလမ်းမှားကို သူဘယ်တော့မှထပ်ပြီး လျှောက်မှာမဟုတ်ဘူးလို့ ဆုံးဖြတ်ခဲ့တယ်.. သ...