||19||

1K 141 31
                                    

[U]

19

.....

ဂျွန်မြောင်က လူကျဲတဲ့ကော်ဖီဆိုင်လေးရဲ့ ထောင့်လေးမှာ အေးစက်နေပြီဖြစ်တဲ့ ကော်ဖီတစ်ခွက်နဲ့အတူ ငြိမ်သက်စွာထိုင်လို့နေတယ်။ရီရှင်းက Dateဖို့ တောင်းဆိုတာကြောင့် သူ ဒီနေရာမှာရောက်နေခဲ့တာဖြစ်တယ်။အရင်ဘဝက အတင်းအကျပ်တောင်းဆိုခဲ့ရပေမဲ့၊ ယခုဘဝမှာတော့ ရီရှင်းဘက်က ပထမဆုံး တောင်းဆိုခံရတာကြောင့် ဂျွန်မြောင့်ရင်တွေခုန်လှုပ်မနေဘူးဆိုရင် လိမ်ရာကျလိမ့်မယ်။

သို့ပေမဲ့ သူဒီနေရာစောင့်နေခဲ့တာ မိနစ်၃၀ထက်မနည်း ကျော်လွန်နေခဲ့ပြီဖြစ်သည်။ဦးနှောက်က အကြိမ်ကြိမ်ထထွက်သွားဖို့ ညွှန်ကြားနေသော်လည်း အမှတ်မရှိတဲ့ နှလုံးသားက ဆက်စောင့်ဖို့သာ ရွေးချယ်ခဲ့သည်။သူ့ရဲ့ မရေတွက်နိုင်တဲ့ ဖုန်းcall တွေကို တစ်ဖက်က ချပြစ်နေခဲ့သည်။ထပ်ပြီး သူက အပေါစားဆန်သွားခဲ့ပြန်ပြီလား။

'hello အကိုရှန်းဖုန်း...'

'အကောင်ပေါက်လေး ဘယ်မှာလဲ..'

စောင့်မျှော်နေရသည့် ဖုန်းမဟုတ်ပေမဲ့၊ အကိုရှန်းဖုန်းရဲ့ အသံက သူ့အား အထီးကျန်ခြင်းမှ လွတ်မြောက်လာစေသည်။

'ကျွန်တော်ကိစ္စရှိလို့ မမလုလုနဲ့အပြင်ခဏသွားနေတာ..'

ဂျွန်မြောင်က လိမ်လည်ကာဖြေဆိုသည်။မတည့်သည့်နှစ်ဦးအား ထပ်ပြီးကတောက်ကဆ မဖြစ်စေချင်ပါ။

'ကိုယ်..'

'အကိုရှန်းဖုန်း မမလုလုလှမ်းခေါ်နေလို့ ဒါပဲနော် နောက်မှပြန်ခေါ်လိုက်မယ်..'

'ကောင်းပါပြီ၊ပျော်ခဲ့နော် အကောင်ပေါက်လေး..'

တစ်ဖက်ကစကားစခါနီးမှာပဲ ဆိုင်ထဲဝင်လာသည့် ရီရှင်းကြောင့် ဂျွန်မြောင် စကားစအမြန်ဖျတ်ကာ ဖုန်းချရန်ကြံစည်သည်။ဝေ့ရှန်းဖုန်းအသံက အနည်းငယ်တိုးသွားပြီး၊သက်ပြင်းချသံကို ကြားလိုက်ရသော်လည်း ဂျွန်မြောင် သတိထားမနေပဲ ဖုန်းချလိုက်သည်။

ရီရှင်းက ဂျွန်မြောင်ကို လှမ်းတွေ့သွားတဲ့အခါ ၊သူရှိရာကို လျှောက်လာပြီး၊အရှေ့တွင်ဝင်ထိုင်သည်။ဂျွန်မြောင် မသိလိုက်သည်က လမ်းတစ်ဖတ်က ဆိုင်ကယ်အနက်ကြီးပေါ်မှ ကောင်လေးတစ်ယောက်သည် ကော်ဖီဆိုင်လေး၏ မှန်တံခါးနားတွင် ထိုင်နေသည့် ဂျွန်မြောင်အား ဝမ်းနည်းနေသည့် မျက်ဝန်းများဖြင့် ကြည့်ကာ ထွက်ခွာသွားခဲ့သည်ကိုပင် ဖြစ်သည်။

I love you million more than I can say[ Rebirth](Completed)Donde viven las historias. Descúbrelo ahora