||36||

1K 114 44
                                    

[U]

36

.....

'အကိုရီရှင်း...ညီမ ဒီမှာနေတာ တစ်ကယ်အဆင်ပြေရဲ့လား...'

wheelchair ပေါ်က ငယ်ရွယ်တဲ့အမျိုးသမီးလေးက  သူ့ရဲ့လက်တွေကို အချင်းချင်းဆုပ်နယ်ရင်း ကျန်းရီရှင်းကို မေးသည်။

'ကိစ္စမရှိဘူး၊ ဂျွန်မြောင်က အန်တီတို့နဲ့ ပြန်လာနေတော့မယ်လို့ ပြောထားတယ်မဟုတ်လား၊အကိုလည်း ဒီမှာနေတာမှမဟုတ်တာ ဆယ်ရာ အဆင်ပြေတဲ့အထိ နေလို့ရပါတယ်...'

ဆယ်ရာက ဂျွန်မြောင် ပါပါးတို့ရဲ့ ငယ်စဥ်ကတည်းက ပျောက်ဆုံးနေသည့် သမီးဖြစ်သည်။ကစားကွင်းမှာ လူကွဲပြီးပျောက်သွားတဲ့ ဆယ်ရာက မိဘမဲ့ဂေဟာကို ရောက်ချိန်မှာ ရွယ်တူကလေးအချို့ရဲ့ ဒုက္ခပေးမှုကြောင့် အမြင့်က ပြုတ်ကျပြီး ခြေထောက်ထိခိုက်မိသွားခဲ့ချင်း ဖြစ်သည်။

ရီရှင်းက အရင်ဘဝမှာလဲ ဆယ်ရာကို ဂျွန်မြောင်မိဘများ သေဆုံးသွားချိန်မှာ စောင့်ရှောက်ပေးခဲ့ဖူးသူဖြစ်သည်။ယခုဘဝတွင်လည်း ဂျွန်မြောင် အဖေရင်းပြန်ပေါ်မလာခင်ကတည်းက ရီရှင်းက ဆယ်ရာကို ဦးအောင် သွားရှာထားခဲ့ပြီး၊ သူ့အနားမှာထားခဲ့ခြင်းဖြစ်သည်။

အရင်ဘဝက ဆယ်ရာကို ဓားစာခံထားလို့ ခြိန်းခြောက်ခဲ့သည်ကြောင့် ဂျွန်မြောင် ပါပါးတို့က ကုမ္မဏီ ကို ဆုံးရှုံးလိုက်ရသော်လည်း၊ ဂျွန်မြောင်ကိုတော့ အထိမခံခဲ့ပါ။ယခုဘဝတွင်လည်း သူ့တို့ရဲ့ သမီးအရင်းကို ဂျွန်မြောင်အား ပေးမသိစေဘဲ ဖုံးကွယ်ထားကြသည်။ကြားလူဖြစ်သည့် ရီရှင်းကလည်း ထုတ်ဖော်ရန် ဆန္ဒမရှိခဲ့ပါ။

အရင်ဘဝက ဂျွန်မြောင် ပါပါးတို့ သေဆုံးချိန်မှာ ဆယ်ရာကို အနားခေါ်ထားခဲ့ပြီး၊သူမကြောင့် ဂျွန်မြောင် ထိခိုက်ခဲ့သည်ဟု ထင်နေသည့် ဆယ်ရာက တစ်အိမ်ထဲလိုက်နေသော်လည်း မသိသူလို ဟန်ဆောင်ထားသည်။နောက်ဆုံးမှ သိခဲ့ရသည်က ဂျွန်မြောင်က သူနဲ့ဆယ်ရာအား အထင်လွဲနေခဲ့သည်ကိုပင်။

ယခုဘဝတွင်တော့ ဆယ်ရာကို အဝေးမှာထားခဲ့သည်။သူ့ရဲ့အရင်တိုက်ခန်းအဟောင်းမှာပဲ ရီရှင်းက ဆယ်ရာကို နေစေသည်။ရီရှင်းက ဆယ်ရာအား ပို့ပေးပြီးနောက်တွင် ပန်းဆိုင်ငယ်လေးအား သွား၍ နှင်းဆီအနီ၁၅ပွင့်အား ဝယ်ယူလိုက်သည်။ဆိုင်ထဲက အထွက်တွင် သူ့ဖုန်းကမြည်လာခဲ့ပြီး ဂျွန်မြောင်အား စောင့်ကြည့်ခိုင်းထားသည့် သူ့လူများက ဂျွန်မြောင်အား မျက်ခြေပျက်သွားကြောင်း အသိပေးလာတာကြောင့် ထိပ်လန့်လို့သွားရသည်။

I love you million more than I can say[ Rebirth](Completed)Where stories live. Discover now