[U]
8.2
....
"ငါ မအားဘူးလို့ မင်းကိုပြောပြီးပြီလေ.."
လက်ထဲက files ကို စားပွဲပေါ်အသံမြည်အောင် ခပ်ပြင်းပြင်းပြစ်ချလိုက်ပြီး..သူ့ကိုလှည့်တောင်မကြည့်ဘဲ..အော်ဟစ်လာတဲ့ ရီရှင်းရဲ့ ကျောပြင်ကို ဝမ်းနည်းအထီးကျန်စွာ..သူက ဆက်ပြီးငေးနေမိသည်..
'တောင်းပန်ပါတယ် ကျွန်..ကျွန်တော်က ရီရှင်း အနားယူဖို့လိုအပ်မယ်ထင်လို့ပါ..´
'မငိုနဲ့..မင်းမျက်ရည်တွေကိုမြင်ရတာ..ငါပိုပင်ပန်းတယ်၊မင်းကိုမြင်ရတာ ငါအသက်ရှူကျပ်လွန်းလို့ ငါ့အရှေ့ကနေ ထွက်သွားပေးစမ်းပါ..´
လည်ပင်းက necktie ကို ဆွဲဖြည်လိုက်ပြီး..အခန်းဝကို လက်ညိုးထိုးကာ..ထွက်သွားခိုင်းနေတဲ့..ရီရှင်းရဲ့ ရက်စက်တဲ့စကားသံကို..ဒီတစ်ကြိမ်မှာလည်း..သူက နာခံမိပြန်တယ်..
'တောင်းပန်ပါတယ်...´
အခန်းထဲပြန်ရောက်ချိန်မှာ ဂျွန်မြောင်က..ရေချိုးခန်းထဲဝင်ပြီး..ရေအေးတွေဖွင်ချကာ..ရေပန်းအောက်မှာ..အသံတိတ်ငိုကြွေးတော့သည်..
ဒီနေ့က သူ့မွေးနေ့..
အနားမှာ သူငယ်ချင်းရော၊မိဘတွေရောမရှိတော့ဘူး..
သူတစ်ယောက်အတွက်နဲ့ ဂျွန်မြောင်က အရာအားလုံးကိုစွန့်လွှတ်ခဲ့ပေမဲ့..သူကလည်း ဂျွန်မြောင်အတွက် ရှိမနေပေးခဲ့ဘူး..ကျွန်တော်က ဘာမှများများစားစားမတောင်းဆိုပါဘူး..
ကျွန်တော့်မွေးနေ့မှာ..ကျွန်တော်ကြိုက်တဲ့ ရေခဲမုန့်လေး တစ်ဇွန်းလောက် စားပေးရင်ပဲ ကျေနပ်ပါတယ်..
ဒီအတိုင်း..ဒါကအကြောင်းပြချက်ပဲ
ဟုတ်တယ်..တစ်ကယ်တော့ ကျွန်တော့်အနားမှာ ရီရှင်းကိုရှိနေပေးစေချင်တာပါ..အဲ့ဒီနေ့က ၄နာရီလောက် အအေးခံခဲ့တဲ့ ဆိုးကျိုးအဖြစ်..ဂျွန်မြောင်သတိမေ့ပြီး ဆေးရုံရောက်သွားခဲ့တယ်..
ညတွင်းချင်း အလုပ်ကိစ္စနဲ့နိုင်ငံခြားထွက်သွားတဲ့ ရီရှင်းကို..မျှော်လင့်ချက်အနည်းငယ်နဲ့..ဖုန်းဆက်အကြောင်းကြားခဲ့ပေမဲ့..ဖုန်းတောင်မကိုင်ချင်ပါဘူးဆိုသည့်စကားတစ်ခွန်းနဲ့ပဲ မန်နေဂျာရဲ့ အားနာသည့်ဖြေသံကိုသာ..လက်ခံရရှိခဲ့သည်..
ကျွန်တော်သေ သွားရင်ရော..ခင်ဗျားရောက်လာမှာလား..
أنت تقرأ
I love you million more than I can say[ Rebirth](Completed)
أدب الهواة[U] သူပြန်လည်မွေးဖွားခဲ့တယ်..နာကျင်ခြင်း၊မျှော်လင့်ချက်မဲ့ခြင်း၊မုန်းတီးခြင်း၊စွန့်ပြစ်ခံရခြင်း၊ရွေးချယ်မခံရခြင်း၊နောင်တတရားများစွာဖြင့်.. အရာအားလုံးကို ၁ကပြန်လည်စတင်ချိန်မှာ ဒီလမ်းမှားကို သူဘယ်တော့မှထပ်ပြီး လျှောက်မှာမဟုတ်ဘူးလို့ ဆုံးဖြတ်ခဲ့တယ်.. သ...