[U]
26
.....
ရှန်းဖုန်းက သူ့ရင်ခွင်ထဲဝင်ပြီး၊အားရအောင် ငိုနေတဲ့ ဂျွန်မြောင်ရဲ့ ပါးပြင်ပေါ်က မျက်ရည်တွေကို ခပ်ဖွဖွ သုတ်ပေးပြီး၊နဖူးလေးအား ခပ်ဖွဖွနမ်းလိုက်သည်။
ခွမ်း...
အခန်းဝမှ တစ်စုံတစ်ခု ကျကွဲသံအား ကြားလိုက်ရသည်။နှစ်ဦးစလုံးက အသံလာရာ အခန်းဝသို့ ကြည့်လိုက်ချိန်တွင် အိမ်တော်ထိန်းကြီးက အသဲအသန်ပြေးထွက်လာသည်။
'အန်တီ လက်ချော်သွားလို့ပါ သခင်လေး၊စိတ်ထဲမထားပါနဲ့...ဆန်ပြုတ်ထပ်ယူလာခဲ့ပေးမယ်နော်..'
အိမ်တော်ထိန်းကြီး ပြန်ထွက်သွားပြီးသည့် နောက်မှာ ဂျွန်မြောင်က သူ့ပါးပြင်ပေါ်က မျက်ရည်တွေကို သုတ်လိုက်သည်။
'အကိုရှန်းဖုန်း တရုတ်ကို ဘယ်တုန်းက ရောက်နေတာလဲ...'
'အိမ်က အဘိုးကြီးခေါ်လို့၊မနေ့ကမှ ရောက်လာတာပါ..'
ရှန်းဖုန်းက ရုတ်တရက်မေးခွန်းကြောင့် အနည်းငယ် ကြောင်သွားသော်လည်း ၊
စဥ်းစားထားသည့်အတိုင်းဖြေလိုက်သည်။
ခေါင်းလေးငြိမ့်ပြီး သူပြောတာကို ယုံသွားတဲ့
ဂျွန်မြောင်ကို ကြည့်ပြီး၊ရှန်းဖုန်းက သက်မခိုး
ချသည်။ရုတ်တရက် ကြားလိုက်ရတဲ့ လက်ထက်သွားပြီဆိုတဲ့အကြောင်းရယ်၊ကျန်းရီရှင်းနဲ့အတူ
တရုတ်ကို လိုက်သွားပြီဆိုသည့် သတင်းရယ်ကြောင့် ရှန်းဖုန်းက ညတွင်းခြင်း တရုတ်ကို လိုက်လာခဲ့တာဖြစ်သည်။'တောင်းပန်ပါတယ်...ဘာမှမပြောပဲ'
'ရှူး...ကိုယ်ပြောခဲ့တယ် မဟုတ်လား၊ကလေးက ဘယ်တော့မှမမှားဘူး၊အဲ့တာကြောင့် မတောင်းပန်ပါနဲ့ကွာ..နော်..'
ဂျွန်မြောင်က ခေါင်းငြိမ့်သည်။အခန်းတံခါးခေါက်ပြီး ဝင်လာသည့်၊ အိမ်တော်ထိန်း လက်ထဲက ဆန်ပြုတ်ပန်းကန်ကို ယူပြီး၊ရှန်းဖုန်းက သူကိုယ်တိုင် ဂျွန်မြောင်ကို ခွံ့ကျွေးသည်။
'ဒါပြီးရင် သောက်ရမဲ့ဆေးတွေပါ သခင်လေး၊
အန်တီ အောက်မှာ အလုပ်သွားလုပ်လိုက်ပါအုန်းမယ်...'
YOU ARE READING
I love you million more than I can say[ Rebirth](Completed)
Fanfiction[U] သူပြန်လည်မွေးဖွားခဲ့တယ်..နာကျင်ခြင်း၊မျှော်လင့်ချက်မဲ့ခြင်း၊မုန်းတီးခြင်း၊စွန့်ပြစ်ခံရခြင်း၊ရွေးချယ်မခံရခြင်း၊နောင်တတရားများစွာဖြင့်.. အရာအားလုံးကို ၁ကပြန်လည်စတင်ချိန်မှာ ဒီလမ်းမှားကို သူဘယ်တော့မှထပ်ပြီး လျှောက်မှာမဟုတ်ဘူးလို့ ဆုံးဖြတ်ခဲ့တယ်.. သ...