[U]
11
.....
'လက်ကို ပတ်တီး မဖြည်မခြင်း ရေမထိစေနဲ့ ဂရုစိုက်ပါ...'
'ဟုတ်ကဲ့ပါ Doctor '
သူ့ကိုကယ်လိုက်တာကြောင့် ကျန်းရီရှင်းရဲ့ လက်က အဆစ်လွဲသွားခဲ့တယ်..
ဘယ်လောက်ပဲ ဝေးဝေးနေချင်သည် ပြောပြော၊
သူ့ကြောင့်ရခဲ့သည့် ဒဏ်ရာကိုတော့ သူက ဥပေက္ခာမပြုနိုင်ပါ..'အိမ်ကို.....လိုက်ပို့ပေးမယ်..'
နည်းနည်းလေး ကြွပ်ဆပ်ဆပ်နိုင်တဲ့အသံဆိုပေမဲ့လည်း ၊ ဒီစကားကပဲ ရီရှင်းအတွက် အပျော်ကြီးပျော်စေတယ်။
ရီရှင်းကို လမ်းပြစေပြီး အဌားကားနဲ့ သူတို့အတူ ရီရှင်းနေသည့် ကျောင်းနားက တိုက်ခန်း
ကို ရောက်လာကြသည်..
ဂျွန်မြောင် ဒီနေရာကို သိပါသည်..
အရင်ဘဝက ရီရှင်းနောက်ကို တိတ်တိတ်လေးလိုက်ရင်း ဒီအိမ်ကို သူရောက်ခဲ့ဖူးတယ်..
အမြဲတမ်း အဝေးကကြည့်ပြီး လှည့်ပြန်သွားခဲ့ရပေမဲ့ တစ်ကြိမ်မှာတော့ သူက ဒီတိုက်ခန်းထဲမှာ
ထိုသူနဲ့တစ်ညလုံးရှိခဲ့ဖူးကြသည်...'အိမ်ထဲ ဝင်အုန်းလေ...'
ဂျွန်မြောင်က ငြင်းဆန်ပြီး လှည့်ပြန်ဖို့ ပြင်လိုက်ပေမဲ့ သူ့ဘေးက ထိုလူရဲ့ စကားသံကို ကြားလိုက်ရတယ်..
'အား...ဗိုက်ဆာလိုက်တာ၊ လက်ကလည်းထိထားတော့ ချက်လို့ရမှာမဟုတ်ဘူး၊ ဝယ်လာခဲ့ရရင်
ကောင်းသားကွာ....'တစ်ကိုယ်တည်း ငြီးငြူးသလို၊ ဂျွန်မြောင် အား
ပြောပြသလိုနှင့် မသဲကွဲသော ခပ်တိုးတိုးရေရွတ်သံကြောင့် ဂျွန်မြောင် သက်ပြင်းချကာ ထိုလူနောက်က အိမ်ထဲလိုက်ဝင်လိုက်သည်..'အိမ်မှာ ဘာရှိလည်း ကျွန်တော်မပြန်ခင် စီနီယာအတွက် တစ်ခုခုချက်ပေးခဲ့မယ်...'
'ကောင်းပြီး...ကျေးဇူးပါကွာ'
ကျန်းရီရှင်းက သူ့ရဲ့ပါးချိုင့်တွေပေါ်အောင်ပြုံးရင်း ပြောလာတယ်..
'မလိုပါဘူး...ကျွန်တော့်ကြောင့်ဖြစ်ခဲ့တာမို့လို့ ၊ တာဝန်ယူသင့်တယ်ထင်လို့ပါ...'
ချက်ခြင်းပျောက်ကွယ်သွားတဲ့ အပြုံးတွေနေရာမှာ ရှက်ရွံကာ ချောင်းဟန့်သံအား ကျန်းရီရှင်းက အစားထိုးတယ်..
သူကို ဦးဆောင်ခေါ်ပြီး သပ်ရပ်သန့်ရှင်းနေတဲ့ မီးဖိုချောင်ကိုခေါ်သွားတယ်..
YOU ARE READING
I love you million more than I can say[ Rebirth](Completed)
Fanfiction[U] သူပြန်လည်မွေးဖွားခဲ့တယ်..နာကျင်ခြင်း၊မျှော်လင့်ချက်မဲ့ခြင်း၊မုန်းတီးခြင်း၊စွန့်ပြစ်ခံရခြင်း၊ရွေးချယ်မခံရခြင်း၊နောင်တတရားများစွာဖြင့်.. အရာအားလုံးကို ၁ကပြန်လည်စတင်ချိန်မှာ ဒီလမ်းမှားကို သူဘယ်တော့မှထပ်ပြီး လျှောက်မှာမဟုတ်ဘူးလို့ ဆုံးဖြတ်ခဲ့တယ်.. သ...