||37||

1K 116 30
                                    

[U]

37

.....

ပန်းလေးတွေ အကြောင်းကို ပျားနဲ့လိပ်ပြာတွေက သိလိမ့်မယ်။အချစ်စစ်ရဲ့အကြောင်း ဆုံးရှုံးဖူးသူက ပိုသိလိမ့်မယ်။

ဂျွန်မြောင်က သူ့ရဲ့အိမ်ပေါက်ဝတည့်တည့်မှာ ရပ်လို့နေတယ်။ပုံမှန်ထက်ငြိမ်သက်ပြီး၊ရှင်းလင်းနေတဲ့ ပတ်ဝန်းကျင်က သူ့ကိုပိုပြီး ဒေါသထွက်စေတယ်။

ဟမ့်...ဒီလူက တစ်ကယ်ကြီး သူ့အတွက် အမြဲလာထားနေကြပန်းတွေတောင် မထားတော့ဘူး။
သူက ဘာတွေများမျှော်လင့်နေမိပါလိမ့်။သူမှာတော့ ဒီငတုံးကောင်ကြီးကိုပဲ နာကျင်စေလည်း ၂ဘဝလုံးချစ်မြတ်နိုးခဲ့ရတယ်။ဒီလဒူကြီးကတော့ သူဒီလောက်ထိ မြောင်ဖောက်ပေးနေတာတောင် ရေက စီးမလာဘူး။

ဒီရက်ထဲမှာ အလုပ်က သူ့ကို နှစ်ကုန် bonus အဖြစ် ၂ပတ်ကိုလစာအပြည့်ဖြင့် ခွင့်ရက်ပေးထားသည်။ဒါကြောင့်ပဲ ဂျွန်မြောင်က သူကိုင်ထားတဲ့ project အချို့ကို လက်စသတ်ကာ အနားယူလို့နေသည်။သူအိမ်မှာနားနေတာ အခုဆို ၃ရက်မြောက်ရှိပြီဖြစ်ပြီး၊ထိုနေ့က နောက်ဆုံးအကြိမ်တွေ့ပြီးကတည်းက ရီရှင်းအား ထပ်မတွေ့ရတော့ပါ။

'နေနိုင်လိုက်တာ အရမ်းကိုနေနိုင်လွန်းတယ်..'

ဂျွန်မြောင်က အိမ်ထဲမှာ အရှေ့အနောက်လျှောက်ရင်း ဆက်တိုက်ရေရွတ်နေသည်။
နောက်ဆုံးတော့လည်း မပြေနိုင်တဲ့ဒေါသကြောင့် ဖြေလျော့ရန် ပိုက်ဆံအိတ်ဆွဲကာ အပြင်ထွက်လာခဲ့တော့သည်။

အိမ်အနီးက super market မှာ စိတ်ကြိုက်လျှောက်သွားပြီး၊အစားအစာများ မနိုင်တော့သည်အထိ ဝယ်ပြီးပြန်လာသည်။အိမ်ပြန်ရောက်တာနဲ့ ဝယ်လာသမျှကို ဆေးကြောပြီး၊အိမ်ရှေ့မှာ အိုးအကြီးကြီးချလိုက်သည်။

ဝက်နံရိုးတွေကို ဦးဆုံးချက်လိုက်သည်။မတိုင်ခင်က ယူထားသည့် အိုးအကြီးကြီးထဲကို အသင့်စားဟော့ပေါ့အရည်နဲ့ရေ တို့ကို အချိုးကျထည့်လိုက်ပြီး ဆူလာအောင်စောင့်လိုက်သည်။ထိုအရည်များ ဆူလာအောင် စောင့်နေတုန်းမှာပဲ ဆေးထားပြီးသား ပုစွန်၊အသားလုံး၊ကြက်သား၊ဝက်သား၊ရေဘဝဲတို့ကို ထည့်လိုက်သည်။မကြာခင်မှာပဲ အနီရောင်သန်းကာ ဆီများဝေ့နေသည့် ဟော့ပေါ့အိုးက ပွက်ပွက်ဆူလာသည်။

I love you million more than I can say[ Rebirth](Completed)Donde viven las historias. Descúbrelo ahora