[U]
14
.....
ရီရှင်းက သီးခြားနေတက်ပြီးခံစားချက်တွေမရှိဘူးလို့၊သူ့ရဲ့ ငယ်သူငယ်ချင်းကပြောဘူးတယ်..သူ့ရဲ့ အပြင်မျက်နှာကိုသာမြင်ဖူးကြတဲ့ လူအများစုက ဒီစကားကိုကြားရင် ဟာသတစ်ခုလိုရယ်မောကြလိမ့်မယ်..
ပထမဆုံးအကြိမ်အဖြစ် သူ့ရဲ့အာရုံစိုက်မှုကို ရယူသွားတဲ့ ဂျူနီယာလေး ဂင်ဂျွန်မြောင်က ထူးစမ်းတယ်..
သူက ခက်ခဲတာတွေကို ပိုပြီးလိုချင်တယ်..
သူ့ရဲ့ စိတ်ကိုတထစ်လျော့ပြီး ညီလေးတစ်ယောက်လို စောင့်လျောက်ဖို့ တွေးမိခဲ့တဲ့ သူ့ကို ထိုကောင်လေးက ဖြတ်သွားဖြတ်လာလူလိုပဲ စိမ်းသက်သက်ဆက်ဆံတယ်..
မတိုင်ခင်နေ့က သူ့ကို ဒီထက်ပိုပြီး မပတ်သက်ချင်ကြောင်း ခပ်ပြတ်ပြတ် ပြောခဲ့တယ်...သူ့မာနက ဘယ်မှာလဲ...
ကောင်းပြီ သူက ဒီကောင်လေးနဲ့ ဝေးဝေးနေဖို့ ဆုံးဖြတ်ခဲ့တယ်..
ဘာကြောင့်များ သူ့လို လူက ဒီကောင်လေးကို တွယ်တာနေပြီး၊ ထိုကောင်လေးကလည်း ဘာကြောင့်များ သူ့လိုလူကို ငြင်းရဲရတာလည်း..သူက သူ့မာနကို အိမ်ပြန်ခေါ်ပြီး၊ကောင်လေးနဲ့ ဝေးဝေး နေဖို့ ဆုံးဖြတ်လိုက်တယ်..
သူ့ရဲ့ငယ်သူငယ်ချင်းမလေး ရှင်းစီက သူ့ကို အကူအညီတောင်းခဲ့တယ်..
သူမရဲ့ ရည်းစားဟောင်းက ပြန်လည်ဆက်သွယ်ဖို့ကြိုးစားနေတာကြောင့် ဟန်ဆောင်ချစ်သူ လုပ်ပေးဖို့ ရီရှင်းကိုပြောလာခဲ့တယ်..
ထွေထွေထူးထူးမဟုတ်တာကြောင့် ရီရှင်းက လက်ခံခဲ့တယ်...မတိုင်ခင်မှာပဲ သူတို့အကြောင်းက ပျံ့နှံ့ သွားခဲ့တယ်..
ရီရှင်းက ကောလဟာလတွေကို ရပ်တန့်ခြင်းမရှိစေဘဲ၊ ရှင်းစီရဲ့ ရည်းစားဟောင်းနားထဲ ကြားရစေရန် ခွင့်ပြု ထားခဲ့တယ်...
သူကကျောင်းပိတ်ရက်မှာ ထပ်ပြီးအကူအညီတောင်းလာတဲ့ ရှင်းစီကြောင့် ကစားကွင်းကို လိုက်သွားခဲ့ပြီး၊ မမျှော်လင့်ထားခဲ့တဲ့ လူနဲ့တွေ့ခဲ့တယ်...အဲ့ဒီအချိန်က သူ့ကိုမသိဟန်ဆောင်ပြီး ထွက်သွားခဲ့တဲ့ ဂျွန်မြောင်ကြောင့် သူ့မှာ ရှင်းစီကို ထားရစ်ခဲ့ပြီး ဒေါသတို့ပေါက်ကွဲကာ အိမ်သို့ ပြန်လာခဲ့သည်...
အခုလို အေးအေးဆေးဆေးနေနိုင်နေတာရော၊သူ့ကို မသိဟန်ဆောင်နေတာရောက
သူ့ကို ဒေါသထွက်စေသည်..
ဘာကြောင့်များ သူက ဒီကောင်လေးကို အာရုံစိုက်နေမိတာလဲ..
KAMU SEDANG MEMBACA
I love you million more than I can say[ Rebirth](Completed)
Fiksi Penggemar[U] သူပြန်လည်မွေးဖွားခဲ့တယ်..နာကျင်ခြင်း၊မျှော်လင့်ချက်မဲ့ခြင်း၊မုန်းတီးခြင်း၊စွန့်ပြစ်ခံရခြင်း၊ရွေးချယ်မခံရခြင်း၊နောင်တတရားများစွာဖြင့်.. အရာအားလုံးကို ၁ကပြန်လည်စတင်ချိန်မှာ ဒီလမ်းမှားကို သူဘယ်တော့မှထပ်ပြီး လျှောက်မှာမဟုတ်ဘူးလို့ ဆုံးဖြတ်ခဲ့တယ်.. သ...