[U]
43
.....
အတိတ်များ ပြန်လည်သတိရကာစက ကျန်းရီးရှင်းသည် ဂျွန့်ပုံလေးအမြဲကိုင်ကာ မျက်ရည်များကျနေတက်သည်။အရင်လိုပြန်ဖြစ်လာသည့် သူဌေးကို တွေ့ချိန်မှာ အတွင်းရေးမှူးကင်က ဝမ်းသာသွားခဲ့ရသည်။
'သူဌေး သတိရလာပြီလား'
သူ့သူဌေးက သူ့ဖုန်း wallpaper က သူဌေးကတော်ပုံလေးကို အကြည့်မလွှဲပဲ ပြန်ဖြေသည်။
'အင်း'
'သူဌေးကတော် ကို ပြန်သွားမခေါ်ဘူးလား'
သူဌေးရဲ့အခုလိုပုံစံကို မကြည့်နိုင်တော့တဲ့ သူက ထုတ်မေးရတော့သည်။
'ငါ့ကိုတစ်ကယ်စိတ်ဆိုးသွားလောက်ပြီ၊ဒူးထောက်ငိုငို ပြန်မလာဘူးတဲ့၊ငါ့အနားမှာဆို သူကအမြဲနာကျင်နေရတာ..ဒါလည်း...ဒါလည်း ကောင်းတာပါပဲ...'
သရဲဘောကြောင်နေသည့် သူ့သူဌေးကို သူက နှာခေါင်းရှုံ့လိုက်မိပေမဲ့ အကြံတစ်ခုပေးခဲ့သည်။
သူ့ရဲ့အကြံအတိုင်း အခုတော့ သူနဲ့သူ့သူဌေးက သူဌေးကတော်ရဲ့ တိုက်ခန်းအရှေ့နားမှာ ပြန်ပေးဆွဲသမားတွေလို တိုးတိုးတိတ်တိတ်ချောင်းမြောင်းနေရသည်။ကျန်းရီရှင်းဟာ သူ့ရဲ့ဒုတိယအိမ်က ဂျွန်မြောင့် တိုက်ခန်းရှေ့ဖြစ်လာတယ်။မနက်လည်း လာတယ်။ညလည်းလာတယ်။ကုမ္မဏီပိတ်ရက် ဟုတ်ဟုတ်၊မဟုတ်ဟုတ် အမြဲလာတယ်။တစ်ခုတော့ရှိသည်။ဘယ်တော့မှ ကားပေါ်ကမဆင်းခဲ့၊ ကျန်းရီရှင်းက သွားလာလှုပ်ရှားနေတဲ့ ဂျွန်မြောင်ကို အဝေးကကြည့်ပြီး ငါးကြော်မစားရတဲ့ကြောင်ထီးကြီးလို အမြဲတမ်းလုပ်နေတက်သည်။
အတွင်းရေးမှူးကင်က သူ့ရဲ့သူဌေးကို လှည့်လှည့်ကြည့်ကာ ကားပေါ်ကပင် ဆွဲချချင်နေပြီဖြစ်သည်။
'သူဌေး..ဒီနေ့ရော ဆင်းမတွေ့..'
သူ့ရဲ့စကားမဆုံးခင်မှာပဲ သူဌေးက 'ငါ့ကို လာမမေးနဲ့ အရင်အတိုင်းပဲ' ဆိုတဲ့အကြည့်နဲ့ကြည့်လာသည်။ရည်းစားတွေ စိတ်ဆိုး၊စိတ်ကောက်တာ လိုက်ဖြေရှင်းပေးနေရတဲ့ ဒီက ရည်းစားမရှိတဲ့ကောင်လေးက သနားဖို့ကောင်းလိုက်တာ။
VOCÊ ESTÁ LENDO
I love you million more than I can say[ Rebirth](Completed)
Fanfic[U] သူပြန်လည်မွေးဖွားခဲ့တယ်..နာကျင်ခြင်း၊မျှော်လင့်ချက်မဲ့ခြင်း၊မုန်းတီးခြင်း၊စွန့်ပြစ်ခံရခြင်း၊ရွေးချယ်မခံရခြင်း၊နောင်တတရားများစွာဖြင့်.. အရာအားလုံးကို ၁ကပြန်လည်စတင်ချိန်မှာ ဒီလမ်းမှားကို သူဘယ်တော့မှထပ်ပြီး လျှောက်မှာမဟုတ်ဘူးလို့ ဆုံးဖြတ်ခဲ့တယ်.. သ...