[U]
28
.....
ရီရှင်းက သူ့အဖေလက်ထက်မှာ အဆင့်တစ်ခုမှာ ရှိနေတဲ့ စီးပွားရေးကို သူ့လက်ထဲရောက်လာချိန်မှာ ထိပ်ဆုံးအထိ မြှင့်တင်ပေးနိုင်ခဲ့သည်။ပေကျင်းမှာရှိတဲ့ မူလရုံးချုပ်မှာ သူက အတည်တကျဖြစ်ပြီဆိုတာနဲ့ ကိုရီးယားမှာ အခြားနာမည်တစ်ခု ၊ ဝန်ဆောင်မှုတစ်ခုနဲ့ ရုံးခွဲဖွင့်လျစ်ပြီး ဒုဥက္ကဋ္ဌကို ရုံးထိုင်ခိုင်းခဲ့သည်။မူလကတည်းက အရည်အချင်းရှိတဲ့ ဒုဥက္ကဋ္ဌက နှစ်အနည်းငယ်အတွင်းမှာပဲ ထိုရုံးခွဲကို နေရာတစ်ခုရသည်အထိ စွမ်းဆောင်ပေးနိုင်ခဲ့သည်။ရုံးခွဲကိုတော့ သူက တစ်နှစ်နေမှ တစ်ခါပင် ရောက်ခဲလှသည်။
ယခုတစ်ခေါက်ပြန်ရောက်လာချိန်မှာတော့ ရီရှင်းက ကုမ္မဏီ အား သွားစစ်ဆေးရန်ရောက်နေခဲ့သည်။ထုံးစံအတိုင်း သူ့ရဲ့တည်တံ့လွန်းတဲ့မျက်နှာထားနဲ့အမှားမခံနိုင်မှုတွေကြောင့် ဝန်ထမ်းများက သူ့ကိုအဝေးကပင် ကြောက်လန့်တက်ကြသည်။
'ကု ခင်ဗျားအခန်းထဲပဲ သွားရအောင်...'
မီးခိုးရောင် suit နဲ့ ရွှေရောင်ကိုင်းရှိသည့် မျက်မှန်တက်ထားသည့် ဒုဥက္ကဋ္ဌ ချောင်ကုလင် က လူကြီးလူကောင်းဆန်ကာ ရှိသည့်အသက်ထက် ပို၍ ရင့်ကျက်ဟန် ပေါ်သည်။ကျန်းရီရှင်းက နီညိုရောင် suit ကို အတွင်းက အနက်ရောင် shirt ဖြင့် တွဲဝတ်ထားခြင်းက အခြားသူများဆိုလျှင် မှောင်မိုက်သွားနိုင်သော်လည်း၊သူ၏ကိုယ်ပေါ်တွင်တော့ ကျက်သရေရှိစွာ တင့်တယ်နေသည်။ ကုမ္မဏီ ထဲမှာ ယှဥ်တွဲလမ်းလျှောက်နေသည့် ပုံသဏ္ဍန် ကွဲပြားသော်လည်း အရှိန်အဝါတူသည့် လူနှစ်ဦးကြောင့် ဝန်ထမ်းများ အနည်းငယ်ထိပ်လန့်နေကြသည်။
သူတို့နှစ်ဦးသား ကုရဲ့ ရုံးခန်းရှေ့ရောက်ချိန်မှာ အတွင်းရေးမှူးနေရာမှာထိုင်နေသည့် ၂ယောက်က ထရပ်ကာ နှုတ်ဆက်လာသည်။
'မဂ်လာပါ ဥက္ကဌကြီး ၊မဂ်လာပါ ဥက္ကဌ...'
ရီရှင်းက ကုရဲ့အတွင်းရေးမှူးကို နှုတ်ဆက်နေသော်လည်း သူ့မျက်ဝန်းများက ဘေးမှ လူထံသို့သာ အကြည့်များရောက်နေမိသည်။ဘယ်လိုကံတရားရဲ့ တွေ့ဆုံမှုကြောင့်များ ဂျွန်မြောင်က သူ့ရဲ့ ကုမ္မဏီမှာ အလုပ်လုပ်နေခဲ့ရတာလဲ။
YOU ARE READING
I love you million more than I can say[ Rebirth](Completed)
Fanfiction[U] သူပြန်လည်မွေးဖွားခဲ့တယ်..နာကျင်ခြင်း၊မျှော်လင့်ချက်မဲ့ခြင်း၊မုန်းတီးခြင်း၊စွန့်ပြစ်ခံရခြင်း၊ရွေးချယ်မခံရခြင်း၊နောင်တတရားများစွာဖြင့်.. အရာအားလုံးကို ၁ကပြန်လည်စတင်ချိန်မှာ ဒီလမ်းမှားကို သူဘယ်တော့မှထပ်ပြီး လျှောက်မှာမဟုတ်ဘူးလို့ ဆုံးဖြတ်ခဲ့တယ်.. သ...