[U]
24
.....
ဂျွန်မြောင်က Boss ရုံးခန်းရှေ့က အတွင်းရေးမှူး ထိုင်ခုံမှာ အချိန်ဇယားဆွဲရင်း အလုပ်ရှုပ်နေသည်။သူ့ရဲ့ကိုယ်ပိုင် အတွင်းရေးမှူးကို ကျန်းရီရှင်းက ဟိုမှာထားရစ်ခဲ့ပြီး၊အလုပ်သင်ခါစ ဂျွန်မြောင်နဲ့ စခန်းသွားချင်နေသည်။ဂျွန်မြောင်က တစ်စုံတစ်ယောက် သူ့ကို ကြည့်နေသည်ဟု ခံစားရတာကြောင့် အနီးအနားကို မျက်လုံးဝေ့ကြည့်လိုက်တဲ့အခါမှာ ရီရှင်းက သူ့အား လှမ်းကြည့်လို့နေသည်။ဂျွန်မြောင်နဲ့ မျက်လုံးခြင်း စုံချိန်မှာ ရီရှင်းက သူ့အခန်းရဲ့ မှန်အကြည်တွေကို ချက်ခြင်း ပိတ်ချလိုက်သည်။
ကောင်းပြီ၊ကျွန်တော်လည်း ခင်ဗျားကို မမြင်ချင်ပါဘူး။
ဂျွန်မြောင်က စာရွက်ပုံထဲ ခေါင်းနစ်နေချိန်မှာ ခုံပေါ်က ဖုန်းက မြည်လာသည်။
(အခန်းထဲ လာခဲ့..)
'ဟုတ်ကဲ့ပါ boss'
ဂျွန်မြောင်က အသံပေးပြီး၊ရီရှင်းရဲ့ ခွင့်ပြုသံ ကြားရပြီးနောက်မှာ အခန်းထဲဝင်လိုက်သည်။
'ကိုယ့်အတွက် ကောက်ဖီတစ်ခွက်ဖျော်ပေး'
'ကောင်းပါပြီ၊ ခဏစောင့်ပါ boss'
ဂျွန်မြောင်က ထိုအခန်းထဲက မြန်မြန်ဆန်ဆန်ပဲ ထွက်လာပြီး၊နားနေခန်းသို့သွားကာ အသင့်ရှိနေသည့် ကော်ဖီများထဲမှ Black coffeeအား သံပုရာသီးလေး ညှစ်လိုက်သည်။သူကော်ဖီဖျော်နေတုန်းမှာပဲ ဝန်ထမ်းကောင်မလေး နှစ်ယောက် ဝင်လာသည်။ထိုထဲက ကောင်မလေး တစ်ယောက်ရဲ့ စကားကြောင့် ဂျွန်မြောင် ထိပ်လန့်သွားရသည်။
'သူက ပြန်လည်မွေးဖွးလာတာတဲ့...'
'ဟယ် ဟုတ်လား၊ဒါဆို uke လေးက ပြန်လည်မွေးဖွးပြီး သူ့ကိုနှိပ်စက်ခဲ့တဲ့ seme ကို ထပ်မချစ်ဖို့ကြိုးစားတာပေါ့...အိုးဂေါ့ ဆရာမဝေ့ရဲ့ ဥာဏ်ကတော့ အခြားကမ္ဘာရောက်နေပြီထင်တယ်..'
ဒုတိယကောင်မလေးရဲ့ အပြန်အလှန်ဆွေးနွေးသံကြားမှသာ ဂျွန်မြောင်က ဝတ္ထုတစ်ပုဒ်အကြောင်းဆိုတာ သိတော့သည်။သူတို့ပြောသည့် ဆရာမဝေ့ဆိုတာရော သူ့လို ပြန်လည်မွေးဖွားသူပဲလား။သူက ဘာကြောင့် ထိုအကြောင်းကို သိနေရတာလဲ။
YOU ARE READING
I love you million more than I can say[ Rebirth](Completed)
Fanfiction[U] သူပြန်လည်မွေးဖွားခဲ့တယ်..နာကျင်ခြင်း၊မျှော်လင့်ချက်မဲ့ခြင်း၊မုန်းတီးခြင်း၊စွန့်ပြစ်ခံရခြင်း၊ရွေးချယ်မခံရခြင်း၊နောင်တတရားများစွာဖြင့်.. အရာအားလုံးကို ၁ကပြန်လည်စတင်ချိန်မှာ ဒီလမ်းမှားကို သူဘယ်တော့မှထပ်ပြီး လျှောက်မှာမဟုတ်ဘူးလို့ ဆုံးဖြတ်ခဲ့တယ်.. သ...