[U]
39
.....
ကျန်းရီရှင်းတို့နှစ်ဦးက တစ်နေရာသို့ ဦးတည်နေသည့် တန်ဖိုးကြီးမားသည့် luxury sports car လေးနဲ့ အပြင်သို့ထွက်လာခဲ့တာဖြစ်သည်။ဂျွန်မြောင်က ဘယ်လောက်မေးမေး တစ်ခွန်းမဟတဲ့ ရီရှင်းက ဂျွန်မြောင်ကို Surprise ဖြစ်စေချင်ပုံပေါ်သည်။
'ဟင်..ဒါမြင်းစီးကွင်းကြီးမဟုတ်လား မောင်၊ဘာလုပ်မလို့လဲ..'
ဂျွန်မြောင်က ရီရှင်းလက်တွဲခေါ်ရာနောက်ကို ပါလာပြီး၊မျက်စိတစ်ဆုံးမြင်နေရသည့် ကွင်းပြင်ကျယ်ကြီးကို တမေ့တမောငေးကြည့်လို့နေသည်။
'လာ...မောင်ပြစရာရှိတယ်..'
ရီရှင်းက မြင်းများစွာထိန်းသိမ်းထားသည့် အနားသို့ မရောက်ခင်မှာပဲ အထဲမှ ငွေဖြူရောင်မြင်းကြီးနှင့်လူနှစ်ဦးတို့ လျှောက်လို့လာသည်။
'ဒါ..Boss ရှာခိုင်းထားတဲ့ မြင်းပါ၊...'
ဂျွန်မြောင်က မြင့်မားကာ လှပလွန်းသည့် မြင်းကြီးကို ပါးစပ်လေးဟကာ မော့ကြည့်မိသည်။မနေ့ညက သူသဘောကျသည်ဟု ပြောခဲ့မိသည့် မြင်းကြီးဖြစ်သည်။ယခုတော့ ချက်ခြင်းပဲ ရီရှင်းက သူ့မျက်စိရှေ့ကို အရောက်ခေါ်လာပေးသည်။ဂျွန်မြောင်က လှည့်ကြည့်လိုက်ချိန်မှာ ရီရှင်းက သူ့အားပြုံးလို့ကြည့်နေသည်။
'သဘောကျရဲ့လား...'
'အရမ်းပဲ...'
ရီရှင်းက အတော်လေးကိုသဘောကျနေသည့် ဂျွန်မြောင်ပုံစံကို မြင်လိုက်ရတာ ထမင်းမစားဘဲဗိုက်ပြည့်သွားသလိုပါပဲ။
'စီးချင်လား...'
ဂျွန်မြောင်က ခေါင်းငြိမ့်သည်။ပြီးတော့ ချက်ခြင်းပဲ မျက်နှာလေး ညိုးငယ်သွားသည်။
'ဒါပေမဲ့..ကျွန်တော် မြင်းမစီးတက်ဘူး..'
ရီရှင်းက လှပကာ ဝင့်ကြွားနေသည့် မြင်းကြီးအနားသွားတော့ မြင်းထိန်းက ဘေးဖယ်ပေးသည်။suit အပြည့်နဲ့ မြင်းပေါ်ခုန်တက်လိုက်သည့် ရီရှင်းပုံက အရှိန်အဝါကြီးသည့် နတ်ဘုရားတစ်ပါးလိုပင်။ဒီအဝတ်အစားနဲ့ မြင်းစီးသည်က သိပ်မလိုက်ဖက်သလို ထင်ရသော်လည်း ရီရှင်းနဲ့မှ တကူးတကလိုက်ဖက်နေသလိုပါပဲ။
YOU ARE READING
I love you million more than I can say[ Rebirth](Completed)
Fanfiction[U] သူပြန်လည်မွေးဖွားခဲ့တယ်..နာကျင်ခြင်း၊မျှော်လင့်ချက်မဲ့ခြင်း၊မုန်းတီးခြင်း၊စွန့်ပြစ်ခံရခြင်း၊ရွေးချယ်မခံရခြင်း၊နောင်တတရားများစွာဖြင့်.. အရာအားလုံးကို ၁ကပြန်လည်စတင်ချိန်မှာ ဒီလမ်းမှားကို သူဘယ်တော့မှထပ်ပြီး လျှောက်မှာမဟုတ်ဘူးလို့ ဆုံးဖြတ်ခဲ့တယ်.. သ...