Chapter 8

5.2K 671 140
                                    

/ Unicode /

အေးတိအေးစက်မဟုတ်တဲ့ မနက်စာစားချိန်ဟာ
ထင်ထားတာပိုပြီး သက်တောင့်သက်သာရှိတဲ့
အတွက် ယွန်မင် မဆိုစလောက်ကလေးတော့
ကျေနပ်နေတယ် ။ သူအရှင့်ဆီရောက်တာက
တစ်လနီးပါးလောက်ဖြစ်နေပြီဆိုတော့ အဆောင်မှာ
ရှိနေတဲ့ အခြွေအရံတစ်ချို့နဲ့ အတော်လေးရင်းနှီး
နေပြီ ။ အရင်နေ့တွေကအထိ ထမင်းစားချိန်ဆို အဲ့ဒီ့
အခြွေအရံတွေကြား ပေါ့ပေါ့ပါးပါးဝင်ထိုင်ပြီး
စားသောက်ခဲ့တာ ဘာပြဿနာမှမရှိပေမယ့် မနေ့
ကမှ အရှင်က ရုတ်တရက်ကြီး " ထမင်းစားချိန်တိုင်း
ငါ့ဆီလာခဲ့ ငါနဲ့အတူတူစား " လို့ ပြောခဲ့တာ ။ အဲ့ဒီ့
စကားကြားပြီးကတည်းက လူက အဆင်ပြေပါ့
မလား ဆိုတဲ့စိတ်နဲ့ နေမထိထိုင်မသာဖြစ်နေရတာက
အခုမနက် တကယ် မနက်စာအတူစားတော့မှ
သက်သာသွားတော့တာပင် ။

အခြွေအရံတွေနဲ့ အတူစားရတုန်းကလောက် အိမ်မှာ
တုန်းကလောက် ပေါ့ပေါ့ပါးပါး မရှိပေမယ့်လည်း
သူတွေးထားသလောက် မဆိုးဘူးဆိုတော့ တော်
သေးတယ် ပြောရမှာပဲ ။

" နဂိုကတည်းက အစားနည်းတာလား မင်းက "

ထမင်းနဲ့ အသားတစ်ချို့ကို တူနဲ့ရောထွေးယူကာ
စားရင်းနဲ့ ယွန်မင် ခေါင်းမြန်မြန်ခါပြလိုက်တယ် ။

" မဟုတ်ပါဘူး အရှင် ။ ကျွန်တော်စားပါတယ် "

အသာလေးမျက်လုံးလှန်ကြည့်ရင်း ပါးစပ်ထဲက
ထမင်းလုတ်ကို မြန်မြန်ဆန်ဆန်ဝါးတော့ သူ့ဆီက
မရွေ့သွားသေးတဲ့ အကြည့်စူးစူး ။ အရှင်ယွန်းဂီရဲ့
အဲ့လိုအကြည့်တွေနဲ့ အကြည့်ခံရရင် လူက ဘာ
အပြစ်မှမလုပ်ထားပဲနဲ့ကို ရင်တွေတုန်လာလိုက်တာ
ဆိုတာ ။

" ဘာလို့လဲဟင် "

မျက်တောင်လေးပုတ်ခတ်ပုတ်ခတ် လုပ်နေတဲ့
ယွန်မင်ကိုကြည့်ပြီး ယွန်းဂီ သက်ပြင်းတစ်ချက်
ချလိုက်တယ် ။

" ငါနဲ့အတူစားရလို့ အနေခက်နေတာလား "

" အဲ~~~အဲ့လိုတော့မဟုတ်ပေမယ့်~~~~ "

လျှောချသွားတဲ့ စကားက ဟုတ်ကြောင်းဝန်ခံနေပြီး
သားဖြစ်တဲ့အပြင် နောက်ထပ်တစ်ခါလှန်ကြည့်တဲ့
မျက်လုံးလေးကလည်း မေးစရာမလိုတော့တဲ့ သက်
သေပဲ ။

𝑴𝒚 𝑷𝒓𝒆𝒄𝒊𝒐𝒖𝒔 𝑫𝒆𝒎𝒐𝒏Where stories live. Discover now