Chapter 25

3.1K 377 76
                                    

/ Unicode /

" ဘာဖြစ်တယ် ဘာဖြစ်တယ် "

" ကျစ်! ဂျွန်ဂျောင်ဂုကြီးက ငါ့ကို ရည်းစားစကား
ပြောတယ်လို့ ပတ်ယွန်မင်ရဲ့!! "

စိတ်မရှည်စွာ ခပ်ဆတ်ဆတ်ဆောင့်အော်လိုက်
တော့ ယွန်မင်က စဥ်းစဥ်းစားစားမျက်လုံးတွေနဲ့
ထယ်ယောင်းကို လှည့်ကြည့်တယ် ။ ပြီးတော့
အသိချင်ဆုံးဖြစ်နေပုံရတဲ့ အကြောင်းအရာကို
အမောတကောမေးလာတယ် ။

" အဲ့ဒီတော့ ဘာလဲ ။ မင်း ဘယ်လိုအဖြေပေး
လိုက်လဲ "

စူးစမ်းနေတဲ့မျက်လုံးနှစ်စုံကြား စိတ်ပေါက်ပေါက်နဲ့
သူ ခေါင်းမော့ကာ ဝူးဝူးဝါးဝါးတွေ အော်ပစ်မိ
သွားတယ် ။ စိတ်ပြေသွားတဲ့အချိန်မှာ မျက်နှာချင်း
ပြန်ဆိုင်တော့ နှစ်ယောက်စလုံးက သူ့ကို " ရူးသွား
ပြီလား " ဆိုတဲ့အကြည့်တွေနဲ့ ကြည့်နေကြတယ် ။

" ငါကွာ ဘာလုပ်ရမလဲမသိတာနဲ့ အိပ်ချင်ယောင်
ဆောင်လိုက်တယ်ကွာ "

" ဟင်းး မင်းဟာကလည်း "

" အေးလေ ဘာမှန်းမသိ "

သူတို့လိုပဲ သူလည်း ကိုယ်လုပ်ခဲ့တာကိုယ် မယုံနိုင်
ဖြစ်နေပါတယ်ဆို ။ ပြန်တွေးတိုင်းလည်း အဲ့ဒီ
အချိန်တုန်းက ပတ်ဂျီမင်ကို သူတစ်ခါတည်း မီးရှို့
ပြာချလိုက်ချင်တယ် ။ ခပ်ဖွဖွထိကပ်နေခဲ့တဲ့
နွေးထွေးတဲ့ နှုတ်ခမ်းပါးရဲ့အထိအတွေ့က သူ့
အာရုံထဲ မဖိတ်ခေါ်ဘဲဝင်ဝင်လာတာ သူအဲ့ဒီလို
အိပ်ချင်ယောင်ဆောင်ခဲ့မိလို့လေ ။ တကယ်ပါပဲ ။
အံ့သြစရာ! ဒီလောက်အသားယူနေတာကိုတောင်
ဘာလို့ မီးတောက်နဲ့မပစ်မိတာလဲ မသိဘူး ။

" အဲ့ဒါဆို အခုဘယ်လိုဖြစ်နေကြလဲ ။ အိမ်ရှေ့စံက
မင်းကို လိုက်ပိုးနေတာပေါ့ "

" အင်းးးး အဲ့ဒီလိုတော့လည်း မဟုတ်ဘူးကွ "

ယွန်မင်ရဲ့မေးခွန်းကိုဖြေရင်း ဂျီမင်မျက်လုံးအသာ
လှိမ့်လိုက်တယ် ။ ဘယ်သူနဲ့မှ ချစ်သူမဖြစ်ဖူးလို့
အချစ်အကြောင်းသာ သိပ်မသိတာ ။ လိုက်ပိုးတယ်
ဆိုတာလောက်တော့ သူလည်းသိပါတယ် ။ ကိုယ့်
ဂုဏ်ကိုယ်ဖော်တာ မဟုတ်ပေမယ့် အမှောင်
လောကမှာဆိုရင် ပတ်ဂျီမင်ကိုလိုချင်လို့ ပိုးပန်း
နေတဲ့လူတွေများ ဘယ်နယ်မြေသွားသွား ရှိနေ
တတ်တာပဲလေ ။

𝑴𝒚 𝑷𝒓𝒆𝒄𝒊𝒐𝒖𝒔 𝑫𝒆𝒎𝒐𝒏Where stories live. Discover now