Chapter 20

3.5K 496 155
                                    

/ Unicode /

ကောင်းကင်မှာ ထင်ထင်ရှားရှားရှိနေတဲ့ လခြမ်း
ကွေးလေးနဲ့ တဖျတ်ဖျတ်လက်နေတဲ့ကြယ်တွေရဲ့
အလင်းရောင်ကို အကုန်လုံးက ခန်းမထဲမှာရှိတဲ့
ညအလင်းကျောက်တွေအားကိုးနဲ့ လစ်လျူရှုထား
ကြတယ် ။ အမိုးမရှိတဲ့ ခန်းမဆီကနေ အပြင်ကို
ဖိတ်စင်လျှံထွက်နေတဲ့ စကားပြောသံတွေနဲ့
မွေးနေ့အတွက်ဆုတောင်းပေးသံတွေကလည်း
ညနေကတည်းကနေ ညနက်လာတဲ့အထိ မပြီးဆုံး
နိုင်သေးဘူး ။

" ငါမင်းတို့ကို သတင်းကောင်းနဲ့ ထူးဆန်းတဲ့သတင်း
ပြောပြစရာရှိတယ် ။ ဘာအရင်နားထောင်မလဲ "

စွဲစွဲမြဲမြဲသောက်တတ်တဲ့ ပန်းသီးဝိုင်ကို တစ်ထွာ
စာလောက်ပဲရှိတဲ့ကြွေပုလင်းနဲ့ စိတ်ကြိုက်ထိုင်မော့
နေတဲ့ ဂျီမင်က သူနဲ့ယွန်မင်ကိုမျက်လုံးဝေ့ကာ
ကြည့်တယ် ။ တားမယ့်လူက လျှောက်လမ်းရဲ့
တစ်ဖက်အခြမ်း ၊ သူတို့ရဲ့မျက်နှာချင်းဆိုင်မှာ
ဆိုတော့ ဂျီမင်တစ်ယောက် စိတ်လွတ်ကိုယ်လွတ်ကို
ဖြစ်နေတာ ။

" ထူးဆန်းတဲ့သတင်း အရင်ပြော ။ အ့! နာတယ်ဟ "

" ဖယ်စမ်း အဲ့ဒီလက် "

အရှေ့မှာချထားတဲ့ပန်းကန်ကိုကျော်ပြီး သူ့ပန်းကန်
ထဲကနေ အသားကင်တွေနှိုက်နေတဲ့ ယွန်မင်လက်ကို
ဂျီမင် တစ်ချက်ရိုက်လိုက်တယ် ။ ညီအစ်ကိုတွေ
ဆိုပေမယ့် ဒါမျိုးတော့ သူလက်မခံပါ ။

" တစ်ခုပဲစားမှာ! "

" တစ်ဝက်တောင်မရဘူး "

" ငါက မင်းအစ်ကိုကွ! "

" ဘာနေနေ ။ ကိုယ်ယူထားတာကိုယ်စား "

" ငါ့ဟာက ပုစွန်တွေမို့လို့ မင်းဟာ ကျွေးစမ်းပါဆို "

" လိုချင်ရင်သွားထည့်ပေါ့ "

" မကျွေးလည်းနေပေါ့ ။ ငါ့ပုစွန်ငါစားမယ် "

စူပုတ်သွားကာ ပွစိပွစိလုပ်နေတဲ့ ယွန်မင်ကိုမသိ
ချင်ယောင်ဆောင်ရင်း ဂျီမင် အသားကင်ပန်းကန်ကို
အနားကိုပိုဆွဲယူလိုက်တယ် ။ တခြားနေရာသာ
သဘောကောင်းပြီးအလိုလိုက်မယ် ဒီလိုဟာတော့
မရဘူးမှတ် ။

" ကဲ! ပြောပြော ။ ဘာပြောမလို့လဲ ခုနက "

" ဘာမှပြောမနေနဲ့ ။ ဘာမှနားမထောင်ဘူး "

𝑴𝒚 𝑷𝒓𝒆𝒄𝒊𝒐𝒖𝒔 𝑫𝒆𝒎𝒐𝒏Where stories live. Discover now